Trending Now

ဘိုကလေးမြို့နယ်စက်ဆန်းကျေးရွာ ဒေသခံများထံ PDF ဆိုသူမှ ငွေ ၁၀ သိန်းပေးရန် မပေးလျှင် ဗုံးခွဲမည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်း

Spread the love

ဘိုကလေးမြို့နယ်စက်ဆန်းကျေးရွာ ဒေသခံများထံ PDF ဆိုသူမှ ငွေ ၁၀ သိန်းပေးရန် မပေးလျှင် ဗုံးခွဲမည်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်း
EPN
ဘိုကလေး၊ ဇူလိုင် ၁၄
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်စက်ဆန်းကျေးရွာမှ
ဒေသခံများထံကို မနေ့ ဇူလိုင် ၁၃ ရက်က PDF တပ်ဖွဲ့က ဟုဆိုကာ ဖုန်းဆက်ပြီး ငွေ ၁၀ သိန်းပေးရန်နှင့် မပေးလျှင်ဗုံးလာခွဲမည်ဟု ခြိမ်းခြောက်ငွေ တောင်းခဲ့ကြောင်း ဒေသခံများထံမှ ဆိုသည်။
စက်ဆန်းကျေးရွာမှ ဒေသခံများထံကို အမျိုးသားတစ်ဦးက ဘိုကလေး PDF အဖွဲ့ဟု ဆိုကာ ငွေကျပ် ၁၀ သိန်းပေးရန်နှင့် မပေးလျှင် နေအိမ်များ၊ လုပ်ငန်းများကို ဗုံးလာခွဲမည်ဟု ဆိုကာ ဒေသခံ ၁၀ ဦးထံ ဖုန်းဆက် တောင်းခံကြောင်းနှင့် ဒေသခံများမှ ပြန်လည်ဖုန်းဆက်ကြည့်သည့် အခါအဝင် Call ပိတ်ထားကြောင်း သိရသည်။
”မနေ့က အမျိုးသားတစ်ဦးက သူက ဘိုကလေး PDF တပ်ဖွဲ့ကပါ ငွေကျပ် ၁၀ သိန်းလွှဲပေးပါ မပေးရင် အိမ်ကိုလာပြီး ဗုံးခွဲမယ်ဆိုပြီး ကျွန်တော်တို့ရွာက ဒေသခံ တွေဆီကိုကိုဖုန်းဆက်ပြီး ခြိမ်းခြာက်ပြီးတော့ တောင်းတာ ကျွန်တော်တို့ဆီကို ဆက်လာတဲ့ဖုန်းကို ပြန်ဆက်တော့မရဘူး ဖုန်းငါးလုံးလောက်နဲ့ ပြောင်းဆက်တာမရပါဘူး ကျွန်တော်တို့ ပြည်သူတွေသတိထားဖို့ လိုတယ်လို့ ပြောချင်တယ်။”ဟု စက်ဆန်း ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ပုသိမ်မြို့၊ ပုသိမ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇွန်လ၂၇ ရက်က အဖမ်းခံထားရသည့် အကျဉ်းသား၊ အကျဉ်းသူများ၏ မိသားစုများထံကိုအမျိုးသမီး တစ်ဦးမှ ဖုန်းဆက်ပြီး အကျဉ်းသားများ၏ ကျန်းမာရေးစိုးရိမ်ရတယ် အသက် အန္တရာယ်အာမမခံဘူးဟုဆိုကာ ဖုန်းဆက်ငွေလိမ်တောင်းမှုဖြစ်ပွားခဲ့ပါသေးကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။