Trending Now

တရုတ် နဲ့ ရုရှားတို့ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

Spread the love

တရုတ် နဲ့ ရုရှားတို့ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် ကမ်းလွန်မှာ တရုတ်နဲ့ ရုရှားတို့ ဒီဇင်ဘာ ၂၁ ရက်နေ့ကစတင်ကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံရေပိုင်နက်အတွင်းမှာ ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး လေ့ကျင့်မှုအတွင်းမှာ ဝေဟင်၊ ရေပြင် ပစ်မှတ်တွေကို ပူးတွဲတိုက်ခိုက်ခြင်းအပြင် ရေငုတ်သင်္ဘော ဆန့်ကျင်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့နဲ့ အာရှပိစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားတယ်လို့ ရုရှားက ပြောပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်က ဖျက်သင်္ဘော နှစ်စင်း၊ ကင်းလှည့် သင်္ဘော နှစ်စင်း၊ ဘက်စုံသုံးထောက်ပံ့ရေးသင်္ဘောတစ်စင်း နဲ့ ဒီဇယ်ရေငုပ်သင်္ဘောတစ်စင်းတို့ကို ဖြန့်ကျက်ချထားမယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံဘက်က ပဲ့ထိန်းဒုံးတပ် Varyag ခရူဇာ စစ်သင်္ဘော နဲ့ ဖျက်သင်္ဘော Marshal Shaposhnikov တို့အပြင် ပစိဖိတ်စစ်ရေယာဉ်စုက ကော်ဗက်စစ်ရေယာဉ် နှစ်စင်း ပါဝင်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံလုံးက စစ်လေယာဉ်တွေကိုလည်း စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ဖြန့်ကျက်ချထားမယ်လို့ ဆိုပါတယ်။

— ကိုးကား —
dfmru
ref; Crew of PacificFleet put to sea to participate in Sea Cooperation 2022 joint Russian-Chinese exercises

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။