Trending Now

ကလေးငယ် ၂ ဦးအပါအဝင် မြန်မာ၂၁ ဦး ထိုင်းမှာအဖမ်းခံရ

Spread the love

ကလေးငယ် ၂ ဦးအပါအဝင် မြန်မာ၂၁ ဦး ထိုင်းမှာအဖမ်းခံရ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၃

ထိုင်းနိုင်ငံက နေတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်သွားတဲ့ ချင်းပြည်နယ်က မြန်မာနိုင်ငံသား ၂၁ ဦး ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန တစ်ခုက ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သူတွေထဲမှာ အသက် ၃ နှစ်အရွယ် နဲ့ ၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား ၁၂ ဦး နဲ့ အမျိုးသမီး ၇ တို့ ပါဝင်တယ်လို့ သိရပါတယ်။

သူတို့အားလုံးကို ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင် စဝီမြို့ ခရွန်ကျေးရွာ အနီးက အုန်ပင်ခြံတစ်ခုအတွင်းက နေဖမ်းဆီးခဲ့တာဖြစ်ပြီး ခရွန်းရွာလူကြီးက သတင်းပေးလို့ ထိုင်းအာဏာပိုင်တွေက လာရောက်စစ်ဆေးရာကနေ အုန်းခြံအတွင်းမှာ ပုန်းအောင်းနေတဲ့ သူတို့အားလုံးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ အဆိုအရ သူတို့အားလုံးဟာ မြန်မာနိုင်ငံချင်းပြည်နယ်ကနေ ဆွေမျိုးတွေရှိတဲ့ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ထွက်ခွာလာကြသူတွေဖြစ်ပြီး ရေးလမ်းကြောင်းကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်ဖို့အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၂၅၀၀၀ ကနေ ၃၀၀၀၀ ကြားပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေအားလုံးကို သက်ဆိုင်ရာ ရဲစခန်းမှာ ထိန်းသိမ်းထားပြီးနောက် နေရပ်ပြန်ပို့ပေးဖို့အတွက် ဆိုင်ငံထားသလို ပွဲစားကို ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလည်းဖြစ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ တရားမဝင် ရွေ့ပြောင်းလုပ်သားတွေ ပိုမိုများပြားလာတယ်လို့ အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။

— ကိုးကား —
khaosod
Get more messages for ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
You can add a Messenger button to your post to get more messages for ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်.

See insights and ads
Boost post
61
3 Shares

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။