Trending Now

COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအားလက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီးဖြစ်

Spread the love

COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအား လက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီးဖြစ်
 

EPN
ရန်ကုန်၊ မတ်-၂၄

COVID-19ရောဂါဖြစ်ပွားလာပါက လူနာများအားလက်ခံကုသပေးနိုင်ရန် တပ်မတော်စီစဉ်ထားပြီး ဖြစ်ကြောင်း တပ်မတော်က ဆိုပါတယ်။

အဆိုပါ နေပြည်တော်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် သံသယရှိလူနာများကို သီးခြားစောင့်ကြပ် ကုသနိုင်ရန်နှင့် COVID-19 ရောဂါဖြစ်ပွားလာပါက ရောဂါဖြစ်ပွားသော အတည်ပြု လူနာများအား လက်ခံကုသပေးနိုင်ရန်အတွက် အထူးကြပ်မတ် ကုသရန် ၈ ခုတင်၊ ခွဲခြားစောင့်ကြည့်ကုသရန် ၁၉၂ ခုတင်ကို တပ်မတော်မှ စီစဉ်ထားပြီဖြစ်ပါတယ်။

၎င်းအပြင် COVID-19 ရောဂါဖြစ်ပွားလာပါက ကာကွယ်၊ ထိန်းချုပ်၊ကုသရေးများ ဆောင်ရွက်နိုင်ရန် အတွက် ပါရဂူ၊ ဆေးမှူး၊ သူနာပြု၊ ကျွမ်းကျင်အရာရှိ၊ အခြားအဆင့် သူနာပြုနှင့် အရပ်သားဝန်ထမ်းများ အသင့်စုဖွဲ့ထားရှိပြီးလည်း ဖြစ်ပါတယ်။

ထို့အတူတပ်မတော်ကCOVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးအထောက်အကူပြု့ပစ္စည်းများနှင့် ဆေးဝါးများကို ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့လည်း လှူဒါန်းမှုများ ပြုလုပ်လျှက်ရှိပါတယ်။

#COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။