Trending Now

စစ်ကျွန်ပညာရေးဟု စွပ်စွဲနေသူများမှာ တနိုင်ငံလုံး ပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့်သူများဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Spread the love

စစ်ကျွန်ပညာရေးဟု စွပ်စွဲနေသူများမှာ တနိုင်ငံလုံး ပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့်သူများဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

EPN
မြစ်ကြီးနား၊ ဇွန်လ ၂၄

စစ်ကျွန်ပညာရေးဟု စွပ်စွဲနေသူများမှာ တနိုင်ငံလုံး ပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့်သူများဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခုအချိန်တွင် စစ်ကျွန်ပညာရေးဟု စွပ်စွဲနေပြီး တစ်ဖက်အဖွဲ့အစည်းသို့ ရောက်နေသည့် ဝန်ကြီးအမည်ခံ ပုဂ္ဂိုလ်များနှင့် အခြားအမည်ခံ ပုဂ္ဂိုလ်များကို ၎င်းတို့သည် မည်သည့် ခေတ်တွင်ပညာသင်ကြားခဲ့သလဲဟု မိမိကမေးလိုကြောင်း၊ ကလေးများကို ကန့်သတ်နေခြင်းသည် မလုပ်သင့်ကြောင်း၊ နိုင်ငံရေးနှင့်မဆိုင်ကြောင်း၊ ကလေးများ ပညာရေး၊ သားသမီးများ၏ ပညာရေးဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့လုပ်နေခြင်းသည် တစ်နိုင်ငံလုံး ပညာမတတ်၊ စာမတတ်နှင့် ကျွန်ဖြစ်အောင် ဇာတ်သွင်းနေသည့်သူများဟု ပြောလို ကြောင်း” ၎င်းကပြောဆိုခဲ့သည်။

ဆက်လက်ပြီး ယခုလိုပညာရေးကျောင်းများ ဖွင့်လှစ်ပေးခြင်းသည် အားလုံးအကျိုးအတွက်ရည်ရွယ်ပြီး လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့သော ဖြစ်စဉ်မျိုးများမဖြစ်စေရန် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။