Trending Now

လာချိဒ်ရိုးရာ မနောကွင်းဖွင့်ပွဲအတွက် မျိုးနွယ်စု အသီးသီးမှ ရိုးရာလွယ်ပလိုင်းများ ဆုတောင်းအပ်နှံခြင်းပြုလုပ်ကျင်းပ

Spread the love

လာချိဒ်ရိုးရာ မနောကွင်းဖွင့်ပွဲအတွက် မျိုးနွယ်စု အသီးသီးမှ ရိုးရာလွယ်ပလိုင်းများ ဆုတောင်းအပ်နှံခြင်းပြုလုပ်ကျင်းပ

EPN
မြစ်ကြီးနား၊ မတ် ၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာ မနောကွင်းဖွင့်ပွဲအတွက် မျိုးနွယ်စု အသီးသီးမှ ရိုးရာလွယ်ပလိုင်းများ အပ်နှံဆုတောင်းခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း ရိုးရာလွယ်ပလိုင်းများ အပ်နှံဆုတောင်းခြင်း အခမ်းအနားကို နေရာဒေသ အသီးသီးမှ လာချိဒ်မျိုးနွယ်စုများ၊ လော်ဝေါ်ရိုးရာယဥ်ကျေးမှုအဖွဲ့၊ ငေါ့ချန်းရိုးရာယဥ်ကျေးမှုအဖွဲ့၊ ရခိုင်ရိုးရာယဥ်ကျေးမှုအဖွဲ့၊ ကချင်ပြည်နယ် တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဝန်ကြီးဌာန စသည့်အဖွဲ့များက ရိုးရာလွယ်ပလိုင်းများ အပ်နှံဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လာချိဒ်ရိုးရာ မနောပွဲကို မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ကာ လာချိဒ်တစ်မျိုးထားလုံး၏ မုခ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲနှင့် လာချိဒ်လူမျိုးများ၏ ကျုံးဇွမ်မနောပွဲတော်ကြီး ကျင်းပခြင်း အစီစဥ်များ ညအချိန် စတိတ်ရှိုးအစီအစဥ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ဗညားနွဲ့
ဓါတ်ပုံများ ကြည့်ရန် Link 👇

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။