Trending Now

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းတွင် ပါမောက္ခချုပ်ဖလား အမျိုးသား၊အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲပြုလုပ်မည်

Spread the love

မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းတွင် ပါမောက္ခချုပ်ဖလား အမျိုးသား၊အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲပြုလုပ်မည်

EPN
မြစ်ကြီးနား ၊ဇူလိုင် ၁၁

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းတွင် ဇူလိုင် ၁၃ရက်နေ့မှ ဇူလိုင် ၁၈ရက်နေ့အထိ ပါမောက္ခချုပ် ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နည်းပညာတက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကျင်းပဖြစ်မြောက်‌ရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်မှ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

နည်းပညာတက္ကသိုလ်ကျောင်းတွင် ၂၀၂၂/၂၃ ပညာသင်နှစ်၌ ကျောင်းသားကျောင်းသူများအတွက် အားကစားပြိုင်ပွဲအဖြစ် အမျိုးသား ဖူဆယ် ဘောလုံးအသင်း ၄ သင်း နှင့် အမျိုးသမီး ဖူဆယ် အသင်း ၃ သင်းတို့ အပြင် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျား/မ တို့ကို ဇူလိုင် လ (၁၃)ရက်နေ့မှစ၍ ပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် မေဂျာအချင်းချင်း စည်းလုံမှုရှိစေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ ကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားကျောင်းသူတွေ ကျန်းမာ ကြံ့ခိုင်စေဖို့ နောက်ပြီးတော့ ကျောင်းသားကျောင်းသူအချင်းချင်း မေဂျာအချင်းချင်းစည်းလုံးမှုရှိစေချင်တဲ့အတွက်လည်း ပြုလုပ်ပေးရတာဖြစ်တယ်”ဟု ၎င်း ကပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ယခုနှစ်ပညာသင်နှစ်တွင် ပါမောက္ခချုပ် ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပပေးခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဖလားပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။