Trending Now

မြစ်ကြီးနားဆေးရုံတွင် အသက် ၁၇နှစ်အရွယ် စောင့်ကြည့်လူနာတစ်ဦးရှိ

Spread the love

မြစ်ကြီးနားဆေးရုံတွင် အသက် ၁၇နှစ်အရွယ် စောင့်ကြည့်လူနာတစ်ဦးရှိ

EPN
မြစ်ကြီးနား၊ မတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားဆေးရုံကြီးတွင် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို COVID-19 စောင့်ကြည့်လူနာအဖြစ် ကုသနေကြောင်း မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ယင်းအမျိုးသမီးငယ်ကို ယမန်နေ့ (မတ် ၂၃)ရက်နေ့က စတင် စောင့်ကြည့်နေပြီး စစ်ဆေးထားသည့် အချက်အလက်များကို နေပြည်တော်သို့ ပေးပို့ထားပြီးရောဂါပိုး အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း မြစ်ကြီးနားဆေးရုံကြီးမှ အထူးကု ဆရာဝန် ဒေါက်တာနေဝင်းက ဆိုသည်။

”ဒီနေ့ပဲကျွန်တော်တို့ စစ်ထားတဲ့ပိုးကိုပို့ထားတယ်။ သူ့အဖြေကို စောင့်နေတုန်းပဲ။ ဒီပိုးအဖြေကိုသိတာနဲ့ သိသိချင်း ဟုတ်၊ မဟုတ် ကြေငြာပါမယ်”ဟု ဒေါက်တာနေဝင်းက ပြောသည်။

လက်ရှိစောင့်ကြည့်လူနာမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ပြည်ပနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းနှင့်တော်စပ်သည့် ဆွေမျိုးအသိုင်းအဝန်းများမှာလည်း ယခုနှစ်အတွင်း ပြည်ပသို့ သွားရောက်ဖူးသူ မရှိကြောင်း မြစ်ကြီးနားဆေးရုံကြီးမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။