Trending Now

ဖားကန့်မြို့တွင် မြန်မာ့စီးပွားရေး ဘဏ်အနီးပေါက်ကွဲမှုဖြစ်ပွားကာ လုံခြုံရေးစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိ

Spread the love

ဖားကန့်မြို့တွင် မြန်မာ့စီးပွားရေး ဘဏ်အနီးပေါက်ကွဲမှုဖြစ်ပွားကာ လုံခြုံရေးစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ (၅)နာရီခွဲခန့်က မှော်ဝမ်းရပ်ကွက် ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဘဏ်လုံခြုံရေးစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေးစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအနက် (၂)ဦးမှာစိုးရိမ်ရဒဏ်ရာများဖြင့် ဖားကန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“ ညနေ (၅)နာရီလောက် ဖြစ်သွားတာ ၊ ထောင်မိုင်းပဲလို့သုံးသပ်ရမယ်၊ ပေါက်ကွဲမှုက အတော်လေးပြင်းထန်ခဲ့တယ်၊ လုံခြုံရေးယူနေတဲ့ ရဲ(၃)ဦးကတော့ ပေါက်ကွဲမှုကြောင်းမြေပေါ်လဲကျသွားတယ်၊ (၂)ယောက်ကအတော်လေး ထိသွားတယ်၊ ချက်ချင်းပဲ သူတို့ကို ဖားကန်ဆေးရုံကိုပို့လိုက်တယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ည(၈)နာရီခန်တွင် ဖားကန့်မြို့နေရာအနှံ သေနတ်သံများကြားရကြောင်း တိုက်ပွဲဖြစ်သည့်ပုံစံမဟုတ်ကြောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။

“ ည (၈)နာရီလောက်စကြားရတယ်၊ ဆက်တိုက်ပဲ၊ ဆိုင်းတောင် ဇွပ်ရာ လုံးခင် အဲ့ဘက်တွေမှာ သေနတ်သံတွေကြားရတယ်၊ တိုက်ပွဲလိုတော့ အပြန်အလှန်ပစ်တယ်လို့တော့မကြားရဘူး၊ သေနတ်သံကြားရတော့ ဖားကန့်က ဘယ်သူမှ အပြင်မထွက်ရဲဘဲ အိမ်တွင်းမှာပဲ တံခါးပိတ်ပြီးနေကြတယ်၊” ဟု ၎င်းကပြောသည်။

အလားတူ ညပိုင်းတွင် ဖားကန့်မြို့ ရခိုင်ကုန်း၊ ဗျူဟာကုန်း၊ ဆန်းခါထောင် စသည့် တပ်မတော်စခန်းများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်းသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။