Trending Now

လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်

Spread the love

လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့် ပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၁

အသက်၁၈ နှစ်ပြည့်ပြီး ပြစ်မှုကင်းရှင်း၍ လုံခြုံရေးအတွက် အမှန်တကယ် သေနတ်ကိုင်ဆောင်ရန် လိုအပ်သူဖြစ်ပါက သတ်မှတ်ထားသော လက်နက်အမျိုးအစားများကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ဆောင်ခွင့်အား လိုင်စင် နှင့် ပါမစ် ခွင့်ပြုချက် ၂ မျိုးပြဌာန်းထားပြီး လိုင်စင်ခွင့်ပြုချက်တွင် အတွဲလိုက်ပစ်နိုင်သော သေနတ်ကိုင်ဆောင်ခွင့်မရှိသော်လည်း ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်တွင် ရိုင်ဖယ်နှင့် စက်သေနတ်ကလေး အုပ်စုဝင် သေနတ်များကို ကိုင်ဆောင်ခွင့်ပြုထားသည်။

လက်နက်ကိုင်ဆောင်သူများသည် ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုဆိုင်ရာ မှုခင်းများနှင့် ဒုစရိုက်လုပ်ငန်းများကို တာဆီးနှိမ်နင်းရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ အဖွဲ့အစည်းများက အကူအညီတောင်းခံသည့်အခါ ပါဝင်ကူညီဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။

တစ်ဦးချင်းကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်မှာ သတ်မှတ်ထားသည့် သေနတ်အမျိုးအစား ၃ လက်အထိ ကိုင်ဆောင်ခွင့်ပြုထားပြီး သေနတ်ကိုင်ဆောင်သူ သေဆုံးသွားလျင်ဖြစ်စေ ဆက်လက်ကိုင်ဆောင်ခြင်းမပြုလိုလျင်ဖြစ်စေ နီးစပ်ရာ မြို့နယ်ရဲတပ်ဖွဲ့သို့ အမြန်ဆုံးသွားရောက် အပ်နှံရမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ပြည်ပမှ လက်နက်နှင့်ခဲယမ်း ဝယ်ယူတင်သွင်းခွင့်များကိုလည်း သတ်မှတ်ချက်များနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနက စီစစ်မှုများပြုလုပ်၍ ခွင့်ပြုသွားမည်ဟု ဖော်ပြထားသည်။

ကေကေ
Photo-crd


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။