Trending Now

မိုးမောက်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများဖွင့်လှစ်ပေး

Spread the love

မိုးမောက်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများတွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများဖွင့်လှစ်ပေး

EPN

မြစ်ကြီးနား၊ ဇွန်လ (၁၆)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှသိရသည်။

တိုက်ပွဲရှောင်ပြည်သူများ၏ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာတောင်ခံမှုများနှင့် ကျေးလက်ဒေသ လူမှုဘဝ အဆင့်မြင့်မားလာစေရန်အတွက် ရည်ရွယ်ကာ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန်ဆပ်ပြာမျိုးစုံနှင့် လုပ်ငန်းသုံးဆပ်ပြာအမယ်မျိုးစုံ ထုတ်လုပ်မှု နည်းပညာများကို သင်ကြားပေးချသွားမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ကျနော်တို့အသေးစားစက်မှုလက်မှု ဦးစီးဌာနမှာ မိုးမောက်က တိုက်ပွဲရှောင်စခန်းတွေကနေ သူတို့တွေအနေနဲ့ အိမ်တွင်း လက်မှု လုပ်ငန်းလေးတွေလုပ်ချင်တယ် ဒါကြောင့် နည်းပညာတောင်းခံလာတယ်၊ ဒီတော့ ကျနော်တို့က လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြားမျိုမျိုး နဲ့ လုပ်ငန်းတွေမှာသုံးတဲ့ ဆပ်ပြာအမျိုမျိုး ကို နည်းပညာလွဲပြောင်းပေးသွားမယ်၊ မိုးမောက်မှာ မံပုံ RC တိုက်ပွဲရှောင်စခန်းမှာ နည်းပညာလွဲပြောင်းပေးတဲ့ သင်တန်းဖွင့်လှစ်သွားမှာဖြစ်တယ်၊ “ဟု ၎င်းကပြောသည်။

အဆိုပါ မံပုံ RC တိုက်ပွဲရှောင်စခန်းတွင် ဖွင့်လှစ်မည့်သင်တန်းကို ဇွန်လ (၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး လူသုံကုန်ဆပ်ပြာမျိုးစုံနှင့် လုပ်ငန်းသုံ ဆပ်ပြာမျိုးဆုံထုတ်လုပ်သည့် ပညာများကို စာတွေ့၊ လက်တွေ့ နှစ်မျိုးလုံးဖြင့်သင်ကြားသွာမှာဖြစ်ကြောင်းသိရသည်။

မိုးမောက်မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူအများစု မှာ မိမိတို့ နေရပ်ကို ပြန်လည်နေထိုင်တော့မည်ဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ပြုလုပ်လိုသည့်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းမှ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာများတောင်ခံရခြင်းဖြစ်ကြောင်း မံပုံ RC တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ကျနော်တို့ တိုက်ပွဲရှောင်တွေက နေရပ်ပြန်ကြတော့မှာ ဟုတ်တယ်၊ ဒီတော့ အိမ်တွေမှာရောက်ရင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေလုပ်ခြင်ကြတော့ အသေးစားစက်မှုလက်မှုကလည်း နည်းပညာတွေ လွဲပြောင်းပေးနေတော့၊ တိုက်ပွဲရှောင်မှနေနေတဲ့ သူတွေကို စုပြီးနည်းပညာတောင်းခံခဲ့တာဖြစ်တယ်၊ “ ဟု ၎င်းကပြောသည်။

၎င်းအပြင် တိုက်ပွဲရှောင်ပြည်သူများအတွက် ဒေသထွက်သီးနှံများမှ အဆင့်မြင့်စားသုံးကုန်များ ထုတ်လုပ်သည့် နည်းပညာများကိုလွဲပြောင်းပေးရန်နှင့် အမျိုးသားများအတွက် ဆိုင်ကယ်ပြုပြင်ရေး သင်တန်းများဖွင့်လှစ်သွားဖို့ ရာထားကြောင်း သိရသည်။

ယင်းသင်တန်းကို ဇွန်လ (၂၀)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြား မံပုံ RC တိုက်ပွဲရှောင်စခန်းတွင် သင်ကြားပို့ချပေးသွားမှာဖြစ်ကာ စိန်လုံတောင်တန်း၊ လွယ်ဂျယ်၊ တကော်၊ နမ်ဆိုင်း၊ ကျရီ၊ ပရန်ခူတုံ စသည့်ဒေသမှ စစ်ရှောင် ပြည်သူ (၂၀)ဦးခန့် ကိုသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။