Trending Now

ခ်စ္စဖြယ္ အမူအရာနဲ႕ သ႐ုပ္ေဆာင္တတ္တဲ့ ကခ်င္ျပည္နယ္သူေလး ထက္ထက္ခိုင္

Spread the love

[youtube=https://www.youtube.com/watch?v=u4mK-VG_IQQ&w=320&h=266]

EPN TV News
အႏုပညာ၊ မတ္ ၁၉

Facebook မွာ Live လႊင့္တာ Tik Tok အသံုးျပဳတာကေနျပီး တျဖည္းျဖည္းနဲ႔ လူသိမ်ားလာျပီး အခုဆိုရင္ ေၾကာ္ျငာနဲ႔ MTV ေတြအထိပါ ရိုက္ကူးလာရတဲ့ ကခ်င္ျပည္နယ္သူေလး မထက္ထက္ခိုင္ကို သူမေနထိုင္ရာ မိုးေကာင္းျမိဳ႕နယ္ ဆားေမွာ္ေက်းရြာမွာ ကၽြန္မတိုိ႔ EPN အဖြဲ႔သားေတြ သြားေရာက္ေတြ႕ဆံု ေမးျမန္းထားတာေတြကို သူ႕ကို ခ်စ္ၾကတဲ့ ပရိတ္သတ္မ်ားသိရွိရေအာင္ ေဖာ္ျပေပးရင္း ယခုရက္ပိုင္း Tik Tok မွ တင္ထားတဲ့ ခ်စ္စရာ သႀကၤန္ယိမ္းအက ေလးကို တင္ဆက္ေပးလိုက္ပါတယ္။

ေမး။ ညီမေရ မဂၤလာပါေနာ္။ အရင္ဆံုး ညီမအခုလိုမ်ိဳးလူမႈကြန္ရက္ေပၚမွာ ေအာင္ျမင္မႈေတြ ရရွိလာေအာင္ ဘာေတြလုပ္ေဆာင္ခဲ့ရလဲ?
ေျဖ။ ပထမဦးဆံုး live လႊင့္တယ္ ျပီးေတာ့ Tik Tok ကစားတယ္၊ Share လုပ္သူေတြ အရမ္းမ်ားေတာ့ ေနာက္ပိုင္းမွာ ေၾကာ္ျငာရိုက္ဖို႔ေတြ ကမ္းလွမ္းလာၾကတယ္။

ေမး။ အဲ့လိုမ်ိဳး အေပ်ာ္သေဘာနဲ႔ live လႊင့္တာေတြ Tit Tok ေဆာ့တာေတြက ဘယ္နခုနွစ္ေလာက္ကေနစျပီး လုပ္ျဖစ္တာလဲ?
ေျဖ။ မနွစ္ကမွ စလုပ္ျဖစ္တာပါ။

ေမး။ ဒီအနုပညာကို ဘယ္အခ်ိန္ကေနစျပီး ဝါသနာပါလာတာလဲ၊ ကိုယ့္ကိုကိုယ္ သတိထားမိတာရွိလား? ေျဖ။ အနုပညာကို ညီမေက်ာင္းတက္ခဲ့တဲ့ ၃တန္း ၄တန္းေလာက္မွာ ေက်ာင္းက ပြဲေတြမွာ ဝင္ကတယ္။ ဆရာမေတြထည့္လို႕ေပါ့ အဲ့ကတည္းက ကိုယ့္ဟာကိုယ္ အနုပညာကို လုပ္ရတာဝါသနာပါတယ္။ ကတာတို႕ဘာတို႕ဆိုုတာနဲ႔ စိတ္အရမ္းေပ်ာ္ရႊင္တယ္။ ပိုျပီးေတာ့ အနုပညာကို စိတ္ဝင္စားလာတယ္။ ျပီးေတာ့ အနုပညာမ်ိဳးရိုးက ညီမအေဖဘက္က အဖိုးေတြက ဇာတ္ေထာင္ဖူးတယ္။ ဦးေလးကလည္း ျမိဳ႕ေတာ္သိန္းေအာင္ဇာတ္မွာ ဇာတ္ကဖူးတယ္။

ေမး။ အခုေေအာင္ျမင္မႈေတြရလာျပီဆိုေတာ့ ေၾကာ္ျငာေတြလဲ ရိုုက္လာရျပီေပါ့ေနာ္။ ေၾကာ္ျငာေတြ ဘယ္နွစ္ခုေလာက္ရို္က္ထားျပီလဲ?
ေျဖ။ ေၾကာ္ျငာကေတာ့၄ခုေလာက္ေတာ့ရွိျပီ။ ဝိုင္ေၾကာ္ျငာျပီးေတာ့ အိမ္ျခံေျမျပီးေတာ့ ဆပ္ျပာ ျပီးေတာ့ ဒီလိုဘဲ မိတ္ကပ္ ျပီးရင္ အေသးအဖြဲ အက်ၤီဒီဇိုင္းတို႔ပိတ္စတို႔ အလိုမ်ိဳးေတြ ႐ိုက္ထားတယ္။

ေမး။ ေနာက္ထပ္ေၾကာ္ျငာကိစၥေတြနဲ႔ ပက္သက္ျပီး ကမ္းလွမ္းထားတာေတြေကာ ရွိလား?
ေျဖ။ ကမ္းလွမ္းထားတာေတြက အခုလက္ရွိိေတာ့ လာေျပာထားတာေတာ့ မရွိေသးဘူး၊ ဒါေပမယ္ ့ အခုလက္ရွိလုပ္ေနတာေတာ ့ဂိမ္းေၾကာ္ျငာ လႊင့္ေပးတာေပါ့ အဲ့တာေလးေတာ ့လက္ခံထားပါတယ္။

ေမး။ ေရွ႕ဆက္ျပီးေတာ့ အနုပညာလုပ္သြားဖို႔ရွိလား? ဘယ္ေလာက္ထိရည္ရြယ္ထားလဲ? အနုပညာနဲ႔ ပတ္သက္ျပီးေပါ့ေလ။
ေျဖ။ အ့လိုအရမ္းၾကီးေတာ့ ေမွ်ာ္လင့္မထားဘူး။ အရမ္းၾကီးေမွ်ာ္လင့္ထားရင္ ေမွ်ာ္လင့္သလိုျဖစ္မလာရင္ ကိုယ္ဘဲစိတ္ထိခိုက္ရမွာေလ။ ဒီေတာ့ ကိုယ္ဝါသနာပါတာကို ဒီေလာက္လုပ္ေနရရင္ေက်နပ္ေနတယ္။ ရည္မွန္းထားတာေတာ့ ဇာတ္လမ္းေတြ သရုပ္ေဆာင္ရတဲ့ သရုပ္ေဆာင္ျဖစ္ခ်င္တယ္။ အခြင့္အေရးရရင္ ရသေလာက္အနုပညာကိ ုဆက္လုပ္ျဖစ္သြားမွာပါ။

ေမး။ ညီမက Facebook မွာေရာ Tik Tok မွာပါ လူသိမ်ားတယ္။ ဒီေတာ့ ေယာက်ာ္းေလး ပရိသတ္ေတြအတြက္ ညီမေလးမွာ ရည္းစားရွိလား။ အခ်စ္ေရးနဲ႔ပတ္သက္ျပီးနည္းနည္းေျပာျပေပးလိုက္ပါဦး။
ေျဖ။ မရွိပါဘူး (ရယ္လွ်က္)။

ေမး။ ညီမအ့လိုမ်ိဳး live လႊင့္တာေတြ Tik Tok ေဆာ့တာေတြမွာ လုပ္တတ္တဲ့ ခ်စ္စရာေကာင္းတဲ့အမူအရာေလးလုပ္ျပပါဆိုရင္။
ေျဖ။ လုပ္ေနၾကပံုစံေလး ဟဲဟဲ (ရယ္လွ်က္)။

ေမး။ ညီမကိုအားေပးေနတဲ့ ပရိသတ္ေတြအတြက္ စကားလက္ေဆာင္ေလးေျပာေပးပါဦး။
ေျဖ။ ေနာက္ပိုင္း ညီမဆက္လုပ္မယ့္ အနုပညာအလုပ္ေတြကို အားေပးပါဦး live လႊင့္ရင္လည္း like and share ေလးလုပ္ေပးပါဦးလို ႔ေတာင္းဆိုပါတယ္။
—————————————-

အသက္ ၂၀ သာရွိေသးတဲ့ အၿပံဳးခ်ိဳခ်ိဳေလးနဲ႕ ခ်စ္စဖြယ္ အမူအရာ သ႐ုပ္ေဆာင္တတ္တဲ့ ကခ်င္ျပည္နယ္ သူေလး ထက္ထက္ခိုင္ကို အားေပးၾကပါဦး။
—————————————————–

EPN TV News
အနုပညာ၊ မတ် ၁၉

Facebook မှာ Live လွှင့်တာ Tik Tok အသုံးပြုတာကနေပြီး တဖြည်းဖြည်းနဲ့ လူသိများလာပြီး အခုဆိုရင် ကြော်ငြာနဲ့ MTV တွေအထိပါ ရိုက်ကူးလာရတဲ့ ကချင်ပြည်နယ်သူလေး မထက်ထက်ခိုင်ကို သူမနေထိုင်ရာ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ကျွန်မတို့ EPN အဖွဲ့သားတွေ သွားရောက်တွေ့ဆုံ မေးမြန်းထားတာတွေကို သူ့ကို ချစ်ကြတဲ့ ပရိတ်သတ်များသိရှိရအောင် ဖော်ပြပေးရင်း ယခုရက်ပိုင်း Tik Tok မှ တင်ထားတဲ့ ချစ်စရာ သြင်္ကန်ယိမ်းအက လေးကို တင်ဆက်ပေးလိုက်ပါတယ်။

မေး။ ညီမရေ မင်္ဂလာပါနော်။ အရင်ဆုံး ညီမအခုလိုမျိုးလူမှုကွန်ရက်ပေါ်မှာ အောင်မြင်မှုတွေ ရရှိလာအောင် ဘာတွေလုပ်ဆောင်ခဲ့ရလဲ?
ဖြေ။ ပထမဦးဆုံး live လွှင့်တယ် ပြီးတော့ Tik Tok ကစားတယ်၊ Share လုပ်သူတွေ အရမ်းများတော့ နောက်ပိုင်းမှာ ကြော်ငြာရိုက်ဖို့တွေ ကမ်းလှမ်းလာကြတယ်။

မေး။ အဲ့လိုမျိုး အပျော်သဘောနဲ့ live လွှင့်တာတွေ Tit Tok ဆော့တာတွေက ဘယ်နခုနှစ်လောက်ကနေစပြီး လုပ်ဖြစ်တာလဲ?
ဖြေ။ မနှစ်ကမှ စလုပ်ဖြစ်တာပါ။

မေး။ ဒီအနုပညာကို ဘယ်အချိန်ကနေစပြီး ဝါသနာပါလာတာလဲ၊ ကိုယ့်ကိုကိုယ် သတိထားမိတာရှိလား? ဖြေ။ အနုပညာကို ညီမကျောင်းတက်ခဲ့တဲ့ ၃တန်း ၄တန်းလောက်မှာ ကျောင်းက ပွဲတွေမှာ ဝင်ကတယ်။ ဆရာမတွေထည့်လို့ပေါ့ အဲ့ကတည်းက ကိုယ့်ဟာကိုယ် အနုပညာကို လုပ်ရတာဝါသနာပါတယ်။ ကတာတို့ဘာတို့ဆိုတာနဲ့ စိတ်အရမ်းပျော်ရွှင်တယ်။ ပိုပြီးတော့ အနုပညာကို စိတ်ဝင်စားလာတယ်။ ပြီးတော့ အနုပညာမျိုးရိုးက ညီမအဖေဘက်က အဖိုးတွေက ဇာတ်ထောင်ဖူးတယ်။ ဦးလေးကလည်း မြို့တော်သိန်းအောင်ဇာတ်မှာ ဇာတ်ကဖူးတယ်။

မေး။ အခုေအောင်မြင်မှုတွေရလာပြီဆိုတော့ ကြော်ငြာတွေလဲ ရိုက်လာရပြီပေါ့နော်။ ကြော်ငြာတွေ ဘယ်နှစ်ခုလောက်ရိုက်ထားပြီလဲ?
ဖြေ။ ကြော်ငြာကတော့၄ခုလောက်တော့ရှိပြီ။ ဝိုင်ကြော်ငြာပြီးတော့ အိမ်ခြံမြေပြီးတော့ ဆပ်ပြာ ပြီးတော့ ဒီလိုဘဲ မိတ်ကပ် ပြီးရင် အသေးအဖွဲ အင်္ကျီဒီဇိုင်းတို့ပိတ်စတို့ အလိုမျိုးတွေ ရိုက်ထားတယ်။

မေး။ နောက်ထပ်ကြော်ငြာကိစ္စတွေနဲ့ ပက်သက်ပြီး ကမ်းလှမ်းထားတာတွေကော ရှိလား?
ဖြေ။ ကမ်းလှမ်းထားတာတွေက အခုလက်ရှိတော့ လာပြောထားတာတော့ မရှိသေးဘူး၊ ဒါပေမယ့် အခုလက်ရှိလုပ်နေတာတော့ဂိမ်းကြော်ငြာ လွှင့်ပေးတာပေါ့ အဲ့တာလေးတော့လက်ခံထားပါတယ်။

မေး။ ရှေ့ဆက်ပြီးတော့ အနုပညာလုပ်သွားဖို့ရှိလား? ဘယ်လောက်ထိရည်ရွယ်ထားလဲ? အနုပညာနဲ့ ပတ်သက်ပြီးပေါ့လေ။
ဖြေ။ အ့လိုအရမ်းကြီးတော့ မျှော်လင့်မထားဘူး။ အရမ်းကြီးမျှော်လင့်ထားရင် မျှော်လင့်သလိုဖြစ်မလာရင် ကိုယ်ဘဲစိတ်ထိခိုက်ရမှာလေ။ ဒီတော့ ကိုယ်ဝါသနာပါတာကို ဒီလောက်လုပ်နေရရင်ကျေနပ်နေတယ်။ ရည်မှန်းထားတာတော့ ဇာတ်လမ်းတွေ သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်ဖြစ်ချင်တယ်။ အခွင့်အရေးရရင် ရသလောက်အနုပညာကိ ုဆက်လုပ်ဖြစ်သွားမှာပါ။

မေး။ ညီမက Facebook မှာရော Tik Tok မှာပါ လူသိများတယ်။ ဒီတော့ ယောကျာ်းလေး ပရိသတ်တွေအတွက် ညီမလေးမှာ ရည်းစားရှိလား။ အချစ်ရေးနဲ့ပတ်သက်ပြီးနည်းနည်းပြောပြပေးလိုက်ပါဦး။
ဖြေ။ မရှိပါဘူး (ရယ်လျှက်)။

မေး။ ညီမအ့လိုမျိုး live လွှင့်တာတွေ Tik Tok ဆော့တာတွေမှာ လုပ်တတ်တဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးလုပ်ပြပါဆိုရင်။
ဖြေ။ လုပ်နေကြပုံစံလေး ဟဲဟဲ (ရယ်လျှက်)။

မေး။ ညီမကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေးပြောပေးပါဦး။
ဖြေ။ နောက်ပိုင်း ညီမဆက်လုပ်မယ့် အနုပညာအလုပ်တွေကို အားပေးပါဦး live လွှင့်ရင်လည်း like and share လေးလုပ်ပေးပါဦးလို့တောင်းဆိုပါတယ်။
—————————————-

အသက် ၂၀ သာရှိသေးတဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စဖွယ် အမူအရာ သရုပ်ဆောင်တတ်တဲ့ ကချင်ပြည်နယ် သူလေး ထက်ထက်ခိုင်ကို အားပေးကြပါဦး။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။