Trending Now


Spread the love

EPN
ချစ်​သား
ဆိုင်ကယ်ဖြင့်တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများသယ်ဆောင်လာသူ(၃)ဦးကိုဖမ်းဆီး
EPN
မိုးကောင်း၊ ဖေဖော်ဝါရီ -၁၄
ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ မြို့ဦးရပ်ကွက်မြစ်ကြီးနား-မန္တလေးသွားပြည်ထောင်စုလမ်းမကြီးဘေးတွင်ယမန်နေ့၊ ညနေ(၄)နာရီအချိန်ခန့်ကဆိုင်ကယ်ဖြင့်တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများသယ်ဆောင်လာသူ(၃)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းနမ္မတီးနယ်မြေရဲစခန်းမှသိရသည်။
ဖားကန့်ဘက်မှမြစ်ကြီးနားမြို့ဘက်သို့တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများသယ်ဆောင်လာကြောင်းသတင်းအရ နမ္မတီးနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လွန်းအောင်ဦးစီးသောရဲတပ်ဖွဲ့ဝင်များနှင့်မြို့ဦးရာအိမ်မှူး-ဦးကျော်တင်၊ ဦးနိုင်ဝင်းတို့သည် ဖေဖော်ဝါရီ(၁၃)ရက်၊ ညနေ(၄)နာရီအချိန်ခန့်ကမြစ်ကြီးနား-မန္တလေးသွားပြည်ထောင်စုလမ်းမကြီးဘေး၊ နမ္မတီးမြို့၊ မြို့ဦးရပ်ကွက်တွင်စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်သို့ YINNG-125ဆိုင်ကယ်စီးနင်းလာသူ ဇော်မင်းအောင်အားရပ်တန့်ရှာဖွေရာခရီးဆောင်အိတ်အတွင်းတရားမဝင်ကျောက်စိမ်းအရိုင်းတုံးဆိုဒ်စုံ(၅၁)တုံး၊ အလေးချိန်(၅၅)ကီလိုဂရမ်ခန့်၊ ဆာလာအိတ်ဖြင့်ထုတ်ထားသည့်၊ ကျောပို့အိတ်အနက်ရောင်အတွင်းကျောက်စိမ်းဆိုဒ်စုံ(၁၉)တုံး၊ အလေးချိန်(၉)ကီလိုဂရမ်ခန့် ၊ စုစုပေါင်း(၇၀)တုံး၊ စုစုပေါင်းအလေးချိန်(၆၄)ကီလိုဂရမ်အခန့်အားရှာဖွေတွေ့ရှိခဲ့သဖြင့်သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
အလားတူယင်းနေ့ယင်းအချိန်၌မြစ်ကြီးနားဘက်သို့ SHAYAN-125ဆိုင်ကယ်စီးနင်းလာသူလင်းထိန်(ခ)ဝတုတ်အားရပ်တန့်ရှာဖွေစစ်ဆေးရာဆိုင်ကယ်ဂွကြားတွင်ဆာလာအိတ်အဖြူဖြင့်ထုတ်ထားသေားကျောက်စိမ်းဆိုဒ်စုံ(၂၅)တုံး၊ အလေးချိန်(၄၃)ကီလိုဂရမ်ခန့်၊ ခရီးဆောင်အိတ်အတွင်းကျောက်စိမ်အရိုင်းတုံးဆိုဒ်စုံ(၂၃)တုံး၊ အလေးချိန်(၁၈.၄)ကီလိုဂရမ်ခန့်၊ စုစုပေါင်း(၄၈)တုံး၊ စုစုပေါင်းအလေးချိန်(၆၁.၄)ကီလိုဂရမ်ခန့်အားရှာဖွေတွေရှိခဲ့ကြောင်းသိရသည်။
ထို့အတူယင်းနေ့၌အချိန်အနည်းငယ်ကွာပြီး ဖားကန့်ဘက်မှမြစ်ကြီးနားမြို့ဘက်သို့ HEROANBO- 125 ဆိုင်ကယ်စီးနင်းလာသူကျော်သက်ဦးကိုရပ်တန့်ရှာဖွေရာဆိုင်ကယ်ဂွကြား၌ RNanXiang စာတမ်းပါခရီးဆောင်အိတ်အတွင်းကျောက်စိမ်းဆိုဒ်စုံ(၂၉)တုံး၊ အလေးချိန်(၄၉)ကီလိုဂရမ်ခန့်၊NBRKQစာတမ်းပါကျောပိုးအိတ်အတွင်းကျောက်စိမ်းဆိုဒ်စုံ(၂)တုံး၊ အလေးချိန်(၆)ကီလိုဂရမ်ခန့်၊ဆာလာအိတ်အဖြူထဲ၌ကျောက်စိမ်းဆိုဒ်စုံ(၃)တုံး၊ အလေးချိန်(၁၂)ကီလိုဂရမ်ခန့် ၊ စုစုပေါင်း(၃၄)တုံး၊ စုစုပေါင်းအလေးချိန်(၆၇)ကီလိုဂရမ်ခန့်အားရှာဖွေတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
အဆိုပါတရားမဝင်ကျောက်စိမ်းအရိုင်းတုံးများသယ်ဆောင်လာသူ ဇော်မင်းအောင်၊ အသက်(၂၈)နှစ်(ဘ)ဦးကျော်ရွေ၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူကို (ပ)၄/၂၀၁၉၊ကျောက်မျက်ဥပဒေပုဒ်မ၅၁(က)ဖြင့်လည်းကောင်း၊ လင်းထိန်(ခ)ဝတုတ်၊ အသက်(၂၇)နှစ်၊ (ဘ)ဦးစိုးအောင်၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူကို (ပ)၅/၂၀၁၉၊ကျောက်မျက်ဥပဒေပုဒ်၅၁(က)ဖြင့်လည်းကောင်း၊ ကျော်သက်ဦး၊ အသက်(၂၄)နှစ်၊ (ဘ)ဦးသန်းရွှေ၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူကို (ပ)၆/၂၀၁၉၊ကျောက်မျက်ဥပဒေပုဒ်မ၅၁(က)ဖြင့်လည်းကောင်းနမ္မတီးနယ်မြေရဲစခန်းမှအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။