Trending Now

ရဲမှူးအသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး “ကမ်နန်နော့” သေဒဏ်ချမှတ်ခံရနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ပြော

Spread the love

ရဲမှူးအသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး “ကမ်နန်နော့” သေဒဏ်ချမှတ်ခံရနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉ (၂၀၂၃)

အမြန်လမ်းရဲအရာရှိတစ်ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အဓိကသံသယတရားခံဖြစ်သူ “ကမ်နန်နော့” လို့ လူသိများတဲ့ ပရာဝီးချန်ခလိုင်ဟာ သေဒဏ်ကျခံရနိုင်ဖွယ်ရှိတယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အကြီး အကဲ ဒုတိယရဲချုပ် ဂျီရတ်ဟော့ဘူရိုက်ဒတ်က ပြောကြားလိုက်ပါတယ်။

CCTV ကင်မရာဖိုင်တချို့ကို ပြန်လည်ဖော်ထုတ်နိုင်ခြင်းမရှိသေးတာတောင်မှ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါကို ပစ်သတ်ဖို့ သံသယ တရားခံက အမိန့်ပေးခဲ့တယ်ဆိုတာကို သက်သေခံအထောက်အထားက ဖော်ထုတ်နိုင်ခဲ့တယ် လို့ ၎င်းက ပြောပါတယ်။

မစ္စတာပရာဝီးရဲ့အိမ်မှာ CCTV ကင်မရာ ၁၅ လုံး တပ်ဆင်ထားကြောင်း၊ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါ သေဆုံပြီး ဒုတိယရဲမှူးကြီး ဝါဆင်ပန်ဒီ ဒဏ်ရာရရှိခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် CCTV ကင်မရာ ၂ လုံးကို ဖယ်ရှားပစ် ခဲ့ပြီး တူးမြောင်းထဲကို ပစ်ချခဲ့ကြောင်း သိရပါတယ်။

CCTV ကင်မရာဆာဗာတွေကို ပြန်လည်သိမ်းဆည်းရမိချိန်မှာ မှုခင်းရဲတပ်ဖွဲ့ဝင်တွေက CCTV ကင်မရာ ၁၃ လုံး က ဖိုင်တွေကို ပြန်လည်သိမ်းဆည်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

“မစ္စတာပရာဝီးဟာ အဓိကကြိုးကိုင်ခြယ်လှယ်သူဆိုတာကို ကျွန်တော်တို့ရရှိထားတဲ့ သက်သေအထောက်အ ထားတွေက ထောက်ပြနေပါတယ်။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ သေနတ်လို ဆက်စပ်သက် သေအထောက်အထားတွေ၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှုတွေနဲ့ စေ့ဆော်မှုအကြောင်းရင်း စတာတွေက သူ့ ကို သေဒဏ်ပေးဖို့အတွက် ကျွန်တော်တို့ရရှိထားတဲ့ အဓိကသက်သေအစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။” လို့ ဒုတိ ယရဲချုပ် ဂျီရတ်ဟော့ဘူရိုက်ဒတ်က ပြောပါတယ်။

သံသယတရားခံနဲ့ ကြံရာပါတွေဟာ ဥပဒေကို လုံးဝလေးစားသူတွေမဟုတ်တာကြောင့် ရေပက်မဝင်တဲ့အထိ ထောင့်စေ့အောင်ခို်င်လုံတဲ့အမှုတစ်ခုတည်ဆောက်နိုင်ဖို့အတွက် ၎င်းတို့ရှာဖွေရရှိနိုင်သမျှ အထောက်အထား တွေကို စုဆောင်းသွားမှာဖြစ်ကြောင်း ဒုတိယရဲချုပ်ဂျီရတ်ဟော့က ပြောပါတယ်။

မစ္စတာပရာဝီးရဲ့ချမ်းသာကြွယ်မှုမှုတွေရဲ့မူလဇစ်မြစ်တွေကို အကဲဖြတ်ဖို့၊ ကုန်ဈေးနှုန်းကစားတွေရှိမရှိ၊ အခွန် ရှောင်ခြင်းရှိမရှိ လေ့လာဖို့အတွက် ၎င်းရဲ့လုပ်ငန်းတွေထဲမှာ စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာစုံစမ်းစစ်ဆေး ရေးအရာရှိတွေက အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ဂျီရတ်ဟော့က ပြောပါတယ်။

မာဖီးယားလိုဂိုဏ်းမျိုးတွေကို အမြစ်ဖြတ်သုတ်သင်ပစ်ရေး စနစ်တကျစီမံချက်ရေးဆွဲပြီး ပြင်းပြင်း ထန်ထန်အရေး ယူဆောင်ရွက်နိုင်ဖို့အတွက် နခုန်ပထုမ်ပြည်နယ်ထဲမှာရှိတဲ့ သြဇာတိက္ကမရှိတဲ့နာမည်ကြီးသူဌေးတွေနဲ့ ပတ်သက်တဲ့သတင်းတွေကို စုဆောင်းထားဖို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မင်းကြီးက ရဲတပ်ဖွဲ့ကို အမိန့်ပေး ထားပါတယ်။

သောကြာနေ့ညပိုင်းက ထိုင်းနိုင်ငံအမျိုးသားရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲချုပ်ဆူရာချတ်ဟတ်ပန်းက CCTV က ရိုက်ကူးထားတဲ့ ပစ်ခတ်မှုမဖြစ်မီပုံနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက်ပုံတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

“အဲဒီပါတီပွဲကိုတက်ရောက်လာတဲ့ရဲတပ်ဖွဲ့ဝင်အများစုမှာ သေနတ်တွေပါပေမဲ့ အခင်းဖြစ်စဉ်ကို ဝင်ရောက်တား ဆီးဖို့ မကြိုးစားခဲ့ကြဘူး။ တချို့က တရားခံတွေကို ကူညီခဲ့ကြသလို တချို့ထိပ်တန်းအရာရှိကြီးတွေက အခင်း ဖြစ်နေရာကနေ ထွက်ပြေးသွားကြတယ်။” လို့ ရဲချုပ်ဆူရာချတ်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ရတဲ့စေ့ဆော်မှုအကြောင်းရင်းက ရှင်းရှင်းလင်းလင်းဖြစ်ကြောင်း၊ သံသယတရားခံဟာ အငြိုး အာ ဃာတကြီးမားသူဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ကင်မရာအားလုံးထဲက ကျန်နေတဲ့ ကင်မရာနှစ်လုံးမှာ တစ်လုံးက သြဂုတ်လ ၂၃ ရက်နေ့မှာ အလုပ်မလုပ်ဘဲ ရပ်နေပြီး နောက်တစ်လုံးက အခင်းဖြစ်တဲ့နေ့ မနက် ၁၀ နာရီ ၁၆ မိနစ်မှာ ပိတ်ထားခဲ့တာဖြစ်တယ်လု့ိဆိုပါ တယ်။

Ref: Police say case against Kamnan Nok could secure death sentence

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။