Trending Now

ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းက ကျောင်း ၁,၃၀၀ ကျော် လုံးဝ ပျက်စီးခဲ့တယ်လို့ UNICEF ပြော

Spread the love

ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းက ကျောင်း ၁,၃၀၀ ကျော် လုံးဝ ပျက်စီးခဲ့တယ်လို့ UNICEF ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းက ကျောင်းပေါင်း ၁,၃၀၀ ကျော်ဟာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်တယ်လို့ UNICEF ရဲ့ ဥရောပနဲ့ အာရှအလယ်ပိုင်းဆိုင်ရာ ဒေသန္တရညွှန်ကြားရေးမှူး Regina De Dominicis က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ယူကရိန်းက ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ၃ ပုံ ၁ ပုံကသာ လူကိုယ်တိုင် အချိန်ပြည့် ကျောင်းတက်ရောက်နေပြီး နောက်ထပ် ၃ ပုံ ၁ ပုံကတော့ အွန်လိုင်းပေါ်ကနေ တက်ရောက်နေတယ်လို့ သူက ဆိုပါတယ်။

ယူကရိန်းကလေးငယ်အများအပြားဟာ ပညာသင်နိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးနေရပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုကလည်း အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

UNICEF ရဲ့ စစ်တမ်းအရ ယူကရိန်းက ဆရာ၊ ဆရာမတွေထဲ တစ်ဝက်လောက်က ကျောင်းသူကျောင်းသားတွေရဲ့ ဘာသာစကားနဲ့ သင်္ချာအရည်အချင်းတွေ ကျလာတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းကလေးငယ် အများအပြားဟာ ရုရှားကျူးကျော်မှု စတင်ပြီးနောက်ပိုင်း တခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ရပါတယ်။ မူကြိုကနေ အလယ်တန်းအရွယ်အထိ အဲဒီလို ကလေးငယ်တွေထဲက တစ်ဝက်ကျော်ဟာ သူတို့ကို လက်ခံခဲ့တဲ့ နိုင်ငံတွေရဲ့ ပညာရေးစနစ်ထဲမှာ ကျောင်းတက်ဖို့ စာရင်းပေးခြင်း မရှိဘူးလို့ UNICEF က ပြောပါတယ်။

ဘာသာစကားအခက်အခဲနဲ့ တခြားအကြောင်းရင်းတွေကြောင့် သူတို့ထဲက အများအပြားဟာ ပညာရေးနှောင့်နှေးမှုနဲ့ ကြုံရနိုင်တယ်လို့လည်း ဆိုပါတယ်။

Ref: NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။