Trending Now

ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦးလွတ်မြောက်

Spread the love

ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦးလွတ်မြောက်

EPN
ကလေး၊ဧပြီ – ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦး နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ နံနက်ပိုင်းက လွတ်မြောက်ခဲ့ကြောင်း 88ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့)ဦးဘကြူးကပြောသည်။

“မော်လိုက်ကလေးထောင်ကနေ အကျဉ်းသား ၅၆၆ ဦးလွတ်မြောက်တယ်။အဲဒီထဲမှာ အိန္ဒိယနိုင်ငံသား ၃၁ နဲ့တရုတ် ၁ ဦးတို့လဲပါဝင်ပါတယ်။”ဟု ၎င်းကပြောသည်။

မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦး လွတ်မြောက်လာသူများကို 88ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့)မှ Maskနှင့်လက်ဆေးရည်များကို ပေးဝေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မော်လိုက်ကလေးထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများကို ပို့ပေးရန်အတွက် အရပ်အဖက်အဖွဲ့များနှင့်ဒေသခံများတို့က ပူးပေါင်းပြီး ကားများဖြင့် ပို့ဆောင်ပေးမည်ဖြစ်သည်။

“လွတ်မြောက်လာတဲ့သူတွေကို နယ်ဒေသတွေဆီ ပို့ဖို့အတွက် ကားတွေစီစဉ်ပေးထားပါတယ်။ဒီလိုအချိန်မှာ ကျန်ရက်မှာစိုးလို့မြို့ကလူတွေက ကားတွေစီစဉ်ပို့ပေးကြတယ်”ဟု ၎င်းကပြောသည်။

မြန်မာနှစ်သက်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ပုဒ်မခွဲ (က)အရ အကျဉ်းထောင်၊စခန်းအသီးသီးရှိ အကျဉ်းသား၊သူ စုစုပေါင်း ၂၄၈၉၆ ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်သည်။

သူရိယထက်
ဓာတ်ပုံ-ကျော်သက်ဝင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။