Trending Now

ရည်ညွန်းဈေးထက် ပိုရောင်းသည့် စက်သုံးဆီအရောင်းဆိုင်များအား လိုအပ်သလို အရေးယူရန် စောင့်ကြည့်လျက်ရှိ ဟုဆို

Spread the love

ရည်ညွန်းဈေးထက် ပိုရောင်းသည့် စက်သုံးဆီအရောင်းဆိုင်များအား လိုအပ်သလို အရေးယူရန် စောင့်ကြည့်လျက်ရှိ ဟုဆို

EPN
မြစ်ကြီးနား၊ ဇွန် ၃

အများပြည်သူ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စက်သုံးဆီကို အခွန်အနည်းငယ်သာ ကောက်ခံလျက်ရှိပြီး ရည်ညွန်း ဈေးနှုန်းထက် ပိုရောင်းပါက အရေးယူရန် စောင့် ကြည့်လျက်ရှိကြောင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဈေးကွက်အတွင်း စက်သုံးဆီရောင်းဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးအတွက် နေ့စဉ်စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးလျက်ရှိပြီး အဆိုပါ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ရာ၌ နေရာဒေသအလိုက် သယ်ယူစရိတ်၊ ပရီမီယံ အာမခံကြေးများ၊ အခွန်အခများ၊ လုပ်ငန်း ဆောင်ရွက်မှုကုန်ကျစရိတ်များနှင့် သင့်တင့်သည့် အမြတ်ရာခိုင်နှုန်းများအား ထည့်သွင်းတွက်ချက်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဈေးနှုန်းများအတိုင်း ဖြန့်ဖြူး ရောင်းချမှုရှိစေရေးကိုလည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ အလေးထားဆောင် ရွက်နေပြီး ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် အရောင်းဆိုင်များအား ခံဝန်ကတိ ရယူ၍ သတိပေးထားကြောင်း နှင့် စက်သုံးဆီဖြန့် ဖြူးရောင်းချမှု ဈေးနှုန်းများကို ကြပ်မတ်စောင့် ကြည့်ပြီး လိုအပ်သည့်အရေးယူမှုများ ဆောင် ရွက်ရန် သက်ဆိုင်ရာဌာနများမှ စောင့်ကြည့် လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင်နယ်မြို့များတွင် ထပ်ဆောင်း သယ်ယူစရိတ်များကြောင့် ဈေးနှုန်းကွာဟမှု များရှိနေသည့်အတွက် နယ်မြို့များအတွက်ပါ သယ်ယူပို့ဆောင်မှု အမှန်ကုန်ကျစရိတ်များကို ထည့်သွင်းတွက်ချက်၍ သက်ဆိုင်ရာ မြို့ နယ်အလိုက် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန် ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။