Trending Now

သရုပ်ဆောင်ဟိန်းထက် နေအိမ်ပစ်ခတ်ခံရ ၎င်း၏ အဘိုးဖြစ်သူ လုပ်ကြံခံရ

Spread the love

သရုပ်ဆောင်ဟိန်းထက် နေအိမ်ပစ်ခတ်ခံရ ၎င်း၏ အဘိုးဖြစ်သူ လုပ်ကြံခံရ

EPN
ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပေါင်းကူကျေးရွာ ဉာဏရပ်ကွက် ဂန္ဓမာလမ်းရှိ သရုပ် ဆောင်ဟိန်းထက်၏ နေအိမ်အား ယမန်နေ့ မွန်းလဲပိုင်းက လူတစ်စုမှ ပစ်ခတ်ခြင်းသွားကြောင့် ၎င်း၏ အဘိုး ဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

“ကျနော့်အိမ်ကို လူတစ်စု သေနတ်နဲ့ လာပစ်သွားတယ်။ အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ” ဟု သရုပ်ဆောင် ဟိန်းထက်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ ပစ်ခတ်သွားခြင်းကြောင့် ဟိန်းထက်၏ အဘိုးဖြစ်သူ ဦးတင်ဝင်းအား လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွား ကြောင်း၊ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

#EPN #PM


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။