Trending Now

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း

Spread the love

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း

EPN
မိုးကောင်း၊ ဧပြီ ၂ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်းပွဲကို မဟာတိလောကရာမ စာသင်တိုက် လေးထပ်ကျောင်းဆောင်၌ ဧပြီ (၁)ရက်၊ နေ့လယ်ဘ(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ သောင်ဦးကျောင်းတိုက်ဆရာတော်ထံ ငါးပါးသီလ ခံယူဆောက်တည်ခဲ့၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ မိုးကောင်းစာစစ်ဌာနတွင် အောင်မြင်တော်မူကြသည့် ပထမကြီးတန်း (၂) ပါး၊ ပထမလတ်တန်း (၃) ပါး၊ ပထမငယ်တန်း (၁၆) ပါးနှင့် အခြေပြုမူလတန်း (၂၈) ပါး စုစုပေါင်း စာအောင်သံဃာ/ သီလရှင် (၄၉) ပါးတို့အား မြို့နယ်အဆင့် ဌာနဆိုင်ရာများက အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းကြပြီး၊ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်း။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။