Trending Now

ဗန္းေမာ္ၿမိဳ႕နယ္အတြင္း ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

Spread the love

ဗန္းေမာ္ၿမိဳ႕နယ္အတြင္း ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

EPN
ဗန္းေမာ္၊ ဧၿပီ ၂၄

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕နယ္၊ မိုးဖိန္းေက်းရြာရွိ ေနအိမ္တစ္ခုအတြင္း ဘိန္းျဖဴမႈန္႕မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ဗန္းေမာ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ဗန္းေမာ္ၿမိဳ႕၊ ျမိဳ ့မရဲစခန္းမွရဲအုပ္စ္ိုးဦးႏွင့္ တပ္ဖြဲ ့ဝင္မ်ားသည္ မူးယစ္ေဆး၀ါးသတင္းအရ၊ ဧျပီ၂၃ ရက္ေန႕၊ ေန႕လည္ ၁၂ နာရီ အခ်ိန္ခန္ ့က ဗန္းေမာ္ၿမိဳ႕ မိုးဖိန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေလာဆြမ္ ့ႏွင့္အဖြဲ႕၀င္မ်ား လိုက္ပါလွ်က္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး၏ ေနအိမ္၀င္ေရာက္ရွာေဖြ ဖမ္းဆီးခြင့္အမွတ္ (၂၁/၂၀၁၉)ျဖင့္ မိုးဖိန္းေက်းရြာရွိ ေအာင္လင္း၏ ေနအိမ္သို႕ ဝင္ေရာက္ရွာေဖြခဲ့ရာ  ေနအိမ္ ေျမာက္ဖက္မီးဖိုးေခ်ာင္ေဘးတြင္ က်င္းတူး၍ ျမွဳပ္ထားေသာ ၾကြပ္ၾကြပ္အိတ္အတြင္း
အျဖဴေရာင္ ေကာ္ဗူးတစ္ဗူးလ်ွင္ ဘိန္းျဖဴ မွဳန္ ့၀ ဒသမ ၄ ဂရမ္ ရွိ ေသာ ေကာ္ ဗူး (၇ )ဗူး၊
(၂ ဒသမ ၈ ဂရမ္ ) ၊ ၄င္းေနရာႏွင့္ငါးေပ ခန္ ့အကြာ တြင္ ေျမက်င္းထဲမွ အရွည္ ၈ လက္မ ခန္ ့
ရွိ အျဖဴေရာင္ ေကာ္ဗူးအရွည္ အတြင္း၌ အစိမ္းေရာင္ ၾကြပ္ၾကြပ္အိတ္ျဖင့္ ထုတ္လ်ွက္ဘိန္းျဖဴ မွဳန္ ့ သုည ဒသမ ၄ ဂရမ္ စီပါ အစိမ္းေရာင္ အဖုံးပိတ္ အျဖဴေရာင္ေကာ္ဗူး (၁၀) ဘူး၊ ဘိန္းျဖဴ
မွဴန္ ့ ( ၄ )ဂရမ္။ ဘိန္းျဖဳ ဟု ယူဆရေသာ ျဖဴဝါၾကား အမွဳန္႕စုစုေပါင္း၆ ဒသမ ၈ ဂရမ္၊ တန္းဘိုးေငြက်ပ္ ၆၈၀၀၀၀ သိမ္းဆည္းရမိခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲအုပ္စိုးဦး က တရားလိုျပဳလုပ္တိုင္တန္းခ့ဲသျဖင့္ဗန္းေမာ္ ျမိဳ ့မရဲစခန္းက
မယ(ပ) ၅၁ /၂၀၁၉ ။ မူး/စိတ္ ပုဒ္မ ၁၉ (က)အရ အမွဳ ဖြင့္ ၍ ေအာင္လင္း၊ ၃၅ ႏွစ္၊ (ဘ)
ဦးေလာဆြန္ ့၊ မိုးဖိန္းေက်းရြာ ေနထိုင္သူကို အမွဳစစ္ ဒုရဲအုပ္ တင္ဆန္းေဌး ကစစ္ေဆး
အေရးယူေဆာင္ရြက္လ်ွက္ ရွိေၾကာင္း သိရသည္။

ျပစ္မွဳ က်ဴးလြန္သူ ေအာင္လင္း က ၄င္းဘိန္းျဖဴ မွဳန္ ့မ်ားကို ခူးလီေက်းရြာ ေတာအတြင္း အမည္မသိ ရွမ္းအမ်ိဳးသားတစ္ဦးထံမွအျဖဴေရာင္ေကာ္ဗူး တစ္ဗူးလ်ွင္ ေငြက်ပ္ ၂၀၀၀၀ ႏွဳန္း ျဖင့္ စုစုေပါင္း ေကာ္ဗူး ၂၀၊ ေငြက်ပ္ ၄၀၀၀၀၀ ျဖင့္ ဝယ္ယူခ့ဲ ျပီးျပန္လည္ ေရာင္းခ်ေနျခင္း ျဖစ္ေၾကာင္း ရဲစကၠဴမွတ္ တမ္း အရသိရသည္။

ဗန္းေမာ္သုခမိန္

———————————————–
ဗန်းမော်မြို့နယ်အတွင်း ဘိန်းဖြူများ ဖမ်းဆီးရမိ


EPN
ဗန်းမော်၊ ဧပြီ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးဖိန်းကျေးရွာရှိ နေအိမ်တစ်ခုအတွင်း ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း ဗန်းမော်မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဗန်းမော်မြို့၊ မြို့မရဲစခန်းမှ ရဲအုပ်စိုးဦးနှင့် တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ၊ ဧပြီ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်က ဗန်းမော်မြို့ မိုးဖိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလောဆွမ့်နှင့်အဖွဲ့ဝင်များ လိုက်ပါလျှက် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ နေအိမ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်အမှတ် (၂၁/၂၀၁၉)ဖြင့် မိုးဖိန်းကျေးရွာရှိ အောင်လင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ  နေအိမ် မြောက်ဖက်မီးဖိုးချောင်ဘေးတွင် ကျင်းတူး၍ မြှုပ်ထားသော ကြွပ်ကြွပ်အိတ်အတွင်း
အဖြူရောင် ကော်ဗူးတစ်ဗူးလျှင် ဘိန်းဖြူ မှုန့်၀ ဒသမ ၄ ဂရမ် ရှိ သော ကော် ဗူး (၇ )ဗူး၊
(၂ ဒသမ ၈ ဂရမ် ) ၊ ၎င်းနေရာနှင့်ငါးပေ ခန့်အကွာ တွင် မြေကျင်းထဲမှ အရှည် ၈ လက်မ ခန့်
ရှိ အဖြူရောင် ကော်ဗူးအရှည် အတွင်း၌ အစိမ်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်လျှက်ဘိန်းဖြူ မှုန့် သုည ဒသမ ၄ ဂရမ် စီပါ အစိမ်းရောင် အဖုံးပိတ် အဖြူရောင်ကော်ဗူး (၁၀) ဘူး၊ ဘိန်းဖြူ
မှူန့် ( ၄ )ဂရမ်။ ဘိန်းဖြု ဟု ယူဆရသော ဖြူဝါကြား အမှုန့်စုစုပေါင်း၆ ဒသမ ၈ ဂရမ်၊ တန်းဘိုးငွေကျပ် ၆၈၀၀၀၀ သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ်စိုးဦး က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့်ဗန်းမော် မြို့မရဲစခန်းက
မယ(ပ) ၅၁ /၂၀၁၉ ။ မူး/စိတ် ပုဒ်မ ၁၉ (က)အရ အမှု ဖွင့် ၍ အောင်လင်း၊ ၃၅ နှစ်၊ (ဘ)
ဦးလောဆွန့်၊ မိုးဖိန်းကျေးရွာ နေထိုင်သူကို အမှုစစ် ဒုရဲအုပ် တင်ဆန်းဌေး ကစစ်ဆေး
အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။


ပြစ်မှု ကျူးလွန်သူ အောင်လင်း က ၎င်းဘိန်းဖြူ မှုန့်များကို ခူးလီကျေးရွာ တောအတွင်း အမည်မသိ ရှမ်းအမျိုးသားတစ်ဦးထံမှ အဖြူရောင်ကော်ဗူး တစ်ဗူးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ဖြင့် စုစုပေါင်း ကော်ဗူး ၂၀၊ ငွေကျပ် ၄၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ ပြီးပြန်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း ရဲစက္ကူမှတ် တမ်း အရသိရသည်။


ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။