Trending Now

မင်းလှမြို့နယ်တွင် ငွေကျပ်သိန်း ငါးထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

မင်းလှမြို့နယ်တွင် ငွေကျပ်သိန်း ငါးထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆ (၂၀၂၄)

မင်းလှမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် ငွေကျပ် သိန်းငါးထောင်နီးပါး တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းလှမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ကိုလတ် မောင်းနှင်ပြီး ဇော်မြင့် (ခ)ရေခဲနှင့် လင်းလင်းထိုက်တို့ လိုက်ပါလာသည့် ISUZU BIG GORN အမျိုးအစား မော်တော်ယာဉ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၄၈၀၀)နှင့် မြန်မာငွေကျပ် ၅၂၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အောင်ကိုလတ် (၃၅)နှစ်၊ ဇော်မြင့် (ခ)ရေခဲ (၅၂)နှစ်နှင့် လင်းလင်းထိုက် (၄၃)နှစ်တို့အား ရေနံမနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။