Trending Now

ကားနှစ်စီးတိုက်မိရာမှ Light Truck ကားပေါ် လိုက်ပါလာသူ တစ်ဦးသေဆုံး

Spread the love

ကားနှစ်စီးတိုက်မိရာမှ Light Truck ကားပေါ် လိုက်ပါလာသူ တစ်ဦးသေဆုံး

EPN
ရန်ကုန်၊ မတ် ၃၀ (၂၀၂၄)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့ညပိုင်းက ကားနှစ်စီးတိုက်မိခဲ့ရာမှ Light Truck ကားပေါ်တွင် လိုက်ပါလာသူ တစ်ဦးသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့၊ ည ၁၀ နာရီ ၅၈ မိနစ်ခန့်က လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးအထက်ကျေးရွာရှိ ရန်ကုန်-မန္တလေးသွား အမှတ် ၂ လမ်းလမ်းမကြီးပေါ် “ထက်ဧကရီ” စက်သုံးဆီအရောင်းဆိုင်အနီးတွင် Light Truck ကားနှင့် အခြားကားတစ်စီးတို့တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်မိမှုကြောင့် Light Truck ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာ ခေါင်းခန်းအတွင်းညပ်၍ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းဝင်များက သယ်ထုတ်ခဲ့ကြရာ ည ၁၁ နာရီခွဲခန့်၌ သယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် သေဆုံးသူ၏ ရုပ်အလောင်းအား Medical လူမှုကူညီရေးအသင်းမှ ဒါးပိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။