Trending Now

ဟောင်ပါးကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကြိုးဖြင့်တုပ်နှောင်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်

Spread the love

ဟောင်ပါးကျေးရွာတွင် အမျိုးသမီးတစ်ဦးအား ကြိုးဖြင့်တုပ်နှောင်၍ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်

EPN
ဖားကန့်၊ ဇွန် ၂

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါရပ်ကွက်ရှိ နေအိမ်တစ်ခု၏ အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အသက်(၃၇)နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးအား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း တာမခန် နယ်မြေ ရဲစခန်းမှ သိရသည်။

ယင်းအမှုအား သက်ဆိုင်ရာ၏ စစ်ဆေးဖော်ထုတ်ချက်အရ ယမန်နေ့ ဇွန်လ(၁)ရက်၊ ည (၁၁း၃၀) အချိန်ခန့်က အဆိုပါ အမျိုးသမီးသည် နေအိမ် အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်ပျော်နေစဉ် ခြေထောက်ဆန့်လိုက်ရာ လူတစ်ဦးအား ထိမိကြောင်း၊ အဆိုပါ ခြင်ထောင်အတွင်း ရောက်ရှိနေသူမှ သူမ၏ ပါးစပ်အား ပုဆိုးနှင့်ပိတ်၊ လက်အားကြိုးဖြင့် တုပ်နှောင်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

အဆိုပါ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူမှာ တစ်ရွာတည်းနေ ကိုဟိန်းမင်းစိုး၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း တာမခန်နယ်မြေ ရဲစခန်းမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။