Trending Now

TikTok ကို တားမြစ်ပိတ်ပင်နိုင်တဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

Spread the love

TikTok ကို တားမြစ်ပိတ်ပင်နိုင်တဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

EPN
နိုင်ငံတကာ၊ မတ် ၁၅

လူကြိုက်များလှတဲ့ ဗီဒီယိုမျှဝေတဲ့ အပလီကေးရှင်း TikTok ကို တားမြစ်ပိတ်ပင်နိုင်တဲ့ ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲနှစ်အတွင်း မဲဆန္ဒရှင်တွေအပေါ် စွက်ဖက်မှုဖြစ်စေနိုင်တယ် ဒါမှမဟုတ် လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်တယ်လို့ လွှတ်တော်အမတ်တွေက စိုးရိမ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ TikTok ကို အသုံးပြုနေကြတဲ့သူ သန်း ၁၇၀ ရှိပြီး တရုတ်အစိုးရဟာ သတင်းအချက်အလက်တွေကို ခိုးယူဖို့နဲ့ ဝါဒဖြန့်ချိဖို့ အဲဒီအပလီကေးရှင်းကို အသုံးချနိုင်တယ်လို့ လွှတ်တော်အမတ်တွေက စိုးရိမ်ကြပါတယ်။

ဒီဥပဒေကြမ်းက မိခင်တရုတ်ကုမ္ပဏီ ByteDance အနေနဲ့ ၆ လအတွင်း TikTok ကို ရောင်းချဖို့ တွန်းအားပေးသွားမှာ ဖြစ်ပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ TikTok ကို ပိတ်ပင်တာဟာ လူငယ်တွေကို ရူးသွပ်သွားစေနိုင်တယ်ဆိုပြီး စောဒကတက်လိုက်ပါတယ်။

ဒါပေမဲ့ ရီပတ်ဗလီကင်အမတ်တွေကတော့ သူတို့ရဲ့ ၂၀၂၄ ခုနှစ်သမ္မတလောင်းဖြစ်လာမယ်လို့ မှတ်ယူရတဲ့သူကို ဆန့်ကျင်ပြီး အဲဒီဥပဒေကြမ်းကို ထောက်ခံမဲ ၃၅၂ မဲ ကန့်ကွက်မဲ ၆၅ မဲ နဲ့ အတည်ပြုမှုမှာ ဒီမိုကရက်တွေနဲ့ ပူးပေါင်းခဲ့ကြပါတယ်။

အခုဆိုရင် ဒီဥပဒေကြမ်းဟာ အထက်လွှတ်တော်ကို ရောက်ရှိမှာဖြစ်ပြီး အဲဒီမှာ မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ တချို့ အထက်လွှတ်တော်အမတ်တွေက ဒီတားမြစ်ပိတ်ပင်မှုဟာ လွတ်လပ်စွာသဘောဆန္ဒထုတ်ဖော်ပြသခွင့်ကို ထိပါးရာရောက်တယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။