Trending Now

ဘူရွန်ဒီသမ္မတ၏ဇနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု ကင်ညာမီဒီယာများ ဖော်ပြ

Spread the love

ဘူရွန်ဒီသမ္မတ၏ဇနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု ကင်ညာမီဒီယာများ ဖော်ပြ

EPN
နိုင်ငံတကာ၊ မေ ၃၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ဘူရွန်ဒီသမ္မတ၏ ဇနီးကို ဆေးကုသမှုခံယူရန် ကင်ညာနိုင်ငံသို့ လေယာဉ်ဖြင့်ပို့ဆောင်ခဲ့ကြောင်း ကင်ညာမီဒီယာများက ပြောကြားသည်။

ဘူရွန်ဒီသမ္မတကတော် ဒင်းနစ်ဘူကူမီကူရန်ဇီဇာသည် မေလ ၂၈ ရက်က နိုင်ရိုဘီမြို့သို့ ရောက်ရှိလာပြီး နောက် ကင်ညာနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးနေရာတစ်ခုဖြစ်သည့် အဂါခန်းတက္ကသိုလ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း Citizen TV ရုပ်သံဌာနက ဖော်ပြခဲ့သည်။

အသက် ၅၀ နှစ်အရွယ် ကူရန်ဇီဇာတွင် ကိုယ်ရံတော်သုံးဦး လိုက်ပါလာပြီး ၄င်းတို့အနက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့သည်။ ဘူရွန်ဒီသမ္မတရုံးက သမ္မတကတော်၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်ထုတ်ပြန်ချက်မျှ မထုတ်ပြန်သေးပေ။

လူဉီးရေ ၁၁ သန်းခန့်ရှိရာ အာဖရိကတိုက်အရှေ့ပိုင်းရှိ ဘူရွန်ဒီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၄၂ မှုနှင့် သေဆုံးသူတစ်ဉီးရှိသည်။ ကမ္ဘာပေါ်ရှိ အခြားတိုင်းပြည်များနှင့်မတူသည်မှာ ဘူရွန်ဒီနိုင်ငံက တိုင်းပြည်အ တွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုထိန်းချုပ်ရန် အသွားအလာကန့်သတ်ချက်များ မပြဌာန်းခဲ့ပေ။

ဘူရွန်ဒီနိုင်ငံက လက်ရှိသမ္မတ ပီယာရီကူရန်ဇီဇာ၏ နေရာတွင်အစားထိုးမည့် သမ္မတသစ်တစ်ဉီး ရှာဖွေ ရန် ပြီးခဲ့သည့်အပတ်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဘူရွန်ဒီ သမ္မတရွေးကောက်ပွဲတွင် အာဏာရ ပါတီမှ အီဗာရက်စတီနာရီရှီမီဘေးက ဆန္ဒမဲ ၆၉ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။

အသက် ၅၂ နှစ်အရွယ် အီဗာရက်စတီက ဆန္ဒမဲ ၂၄ ရာခိုင်နှုန်းရရှိခဲ့သည့် အဓိကအတိုက်အခံပါတီမှ အဂါသွန်ရာစာ အပါအဝင် ကိုယ်စားလှယ်လောင်း ခုနှစ်ဦးကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

–ကိုးကား–
စီဂျီတီအင်န်
Ref; Burundi’s first lady flown to Kenya after testing positive for COVID-19: Kenyan media


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။