Trending Now

ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး

Spread the love

ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး

EPN
နိုင်ငံတကာ၊ ဇွန် ၉

ရက်ရှည်လများဖြစ်ပွားနေတဲ့ ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာတဝှမ်း လူမှုရေး နဲ့ စီးပွားရေး ကမောက်ကမတွေကိုသာ ဖြစ်ပေါ်စေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီနေ့ သတိပေးခဲ့ပါတယ်။

သုံးလကြာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ပြည်သူတွေအတွက် သွေးထွက်သံယိုမှုနဲ့ ဆင်းရဲဒုက္ခအသစ်တွေကို သယ်ဆောင်လာပြီး ကမ္ဘာတဝှမ်းက လူတွေအတွက် ငတ်မွတ်ခေါင်းပါးမှုတွေသာ ကျန်ရစ်မယ်လို့ သူက ပြောပါတယ်။

အန်တိုနီယို ဂူတာရက်စ်ရဲ့ အစီရင်ခံစာအရ အာရှနဲ့ အားနည်းတဲ့ နိုင်ငံငယ်တွေမှာ စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင် နဲ့ ဘဏ္ဍာရေးစနစ်တွေအပေါ်မှာ အပြင်းအထန် ထိခိုက်နေတယ်လို့ ဆိုပါတယ်။

စားသောက်ကုန်ဈေးနှုန်းတွေဟာ စံချိန်တင်နီးပါး မြင့်မားလာတဲ့အပြင် ဓာတ်မြေသြဇာဈေး နှစ်ဆကျော် တက်လာတဲ့အတွက် စပါး၊ ဂျုံနဲ့ ဆန်အပါအဝင် အဓိကသီးနှံအားလုံး ၂၀၂၃ ခုနှစ်မှာ ပြတ်တောက်သွားနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

စံချိန်တင်မြင့်မားနေတဲ့ စွမ်းအင်ဈေးနှုန်းတွေဟာလည်း ကမ္ဘာ့နေရာအနှံ့အပြားမှာ မီးပျက်ခြင်းနဲ့ လောင်စာပြတ်လပ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အလုပ်သမားငါးဦးအနက် သုံးဦးဟာ ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီထက် ဝင်ငွေနည်းပါးနေတဲ့အတွက် ဆုံးဖြတ်ချက်အမှားတွေ ချမှတ်ဖို့ အတင်းအကျပ် တွန်းအားပေးခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဂူတာရက်စ်က ယူကရိန်းအကျပ်အတည်းကို နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်း နဲ့ အညီ နိုင်ငံရေးအရ အဖြေရှာကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။