Trending Now

ကဘူးလ်ဗလီမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

Spread the love

ကဘူးလ်ဗလီမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

EPN

နိုင်ငံတကာ၊ ဧပြီ ၃၀

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဗလီတစ်ခုမှာ ယမန်နေ့က အင်အားပြင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာလီဘန် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ရာနဲ့ချီသော မွတ်စ်လင်မ်တို့ရဲ့ လမြတ်ရမ်ဒန် နောက်ဆုံးသောကြာနေ့ ဝတ်ပြုဆုတောင်းရန် စုဝေးခဲ့ကြလို့ Khalifa Aga Gul Jan ဗလီဝတ်ကျောင်းတော်အတွင်းမှာ ပြည့်ကျပ်နေခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာမှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။

တာလီဘန်များ ခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် နာဖီတိုကို က အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုနိုင်ဘဲ တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧရိယာပြင်ပကို ပိတ်ဆို့ထားခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း ချက်ချင်းမသိရသေးသလို ဗုံးပေါက်ကွဲမှုအတွက် ဘယ်သူကမှ တာဝန်ရှိတယ်လို့လည်း ထုတ်ဖော်ပြောဆိုခြင်းမရရှိသေးပါဘူး။

ကနဦးတွင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့သော်လည်း တာလီဘန်များခန့်အပ်ထားတဲ့ ကဘူးလ်ရဲချုပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်အရ နောက်ပိုင်းမှာ ဒဏ်ရာရရှိသူ ၃၀ ဦးအထိတိုးလာခဲ့ပါတယ်။

ဗလီရပ်ကွက်အတွင်း ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး နောက် လူနာတင်ယာဉ်များဟာ ကျဉ်းမြောင်းသောလမ်းတစ်ခုအတွင်း မောင်းနှင်လာကာ ဆွန်နီမွတ်ဆလင်အများစုပိုင်ဆိုင်တဲ့ ဗလီရှေ့ကို စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

အသက် ၃၀ နှစ်အရွယ် အာဖဂန်နိုင်ငံသား ဝါဟဒ် က ပေါက်ကွဲသံထွက်ပေါ်လာခဲ့ပြီးနောက် ဗလီမှာ သူ့အစ်ကိုရောက်ရှိနေလို့ စိုးရိမ်ကြီးစွာနဲ့ ဗလီကို ပြေးသွားခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ အဓမ္မပြုကျင့်ခံရတဲ့ မြင်ကွင်းနဲ့အတူ အော်ဟစ်အကူအညီတောင်းသံများကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“လူတိုင်း ငိုပြီး သွေးတွေကလဲ လွှမ်းနေတယ် ပေါက်ကွဲမှုကြောင့် ငါ့အစ်ကိုလဲ ဒဏ်ရာ ရသွားပြီလို့ပြောတယ်” လို့ ဝါဟဒ်ကဆိုပါတယ်။

သွေးပေးလှူတဲ့ နေရာကို သွားခဲ့ပေမယ့် တာလီဘန် အစောင့်တွေက ဒဏ်ရာရသူတွေကလွဲလို့ ကျန်လူအားလုံးကို ဝင်ခွင့် ငြင်းဆိုခဲ့ပြီး ဆေးရုံကို ပိတ်ဆို့ထားခဲ့တယ်လို့ ဝါဟဒ် က ဆက်လက်ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုအား ကုလသမဂ္ဂ က ရှုတ်ချခဲ့ပြီး အာဖဂန်နစ္စတန်ပြည်သူများအတွက် နောက်ထပ် နာကျင်စေသော ထိုးနှက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူတို့ရဲ့နေ့စဉ်လုပ်ငန်း၊ ဆုတောင်းပွဲ၊ ကျောင်းသွား၊ ဈေးသွား၊ အလုပ်သွားရင်းနဲ့ အရပ်သားတွေကို ပစ်မှတ်မထားဘဲ ပစ်မှတ်ထား ခွဲခြားဆက်ဆံခံရတာ မေ့နိုင်စရာမရှိပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

IS အဖွဲ့ဟာ အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းက ဝင်ရောက်လာခဲ့ပြီးနောက် တာလီဘန်တို့ရဲ့ အဓိကရန်သူဖြစ်လာစေရန် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းကနေ IS တို့ ဆုတ်ခွာသွားတယ်လို့ အခိုင်အမာပြောဆိုခဲ့သော်လည်း စစ်သွေးကြွအဖွဲ့မှ ဗလီများ၊ စာသင်ကျောင်းများနှင့် ဘတ်စ်ကားများကို အကြိမ်ကြိမ် တိုက်ခိုက်နေခြင်းဟာ IS အဖွဲ့တို့ ဆုတ်ခွာသွားခြင်းမရှိသေးဘူးဆိုတာကို ဖော်ပြနေပါတယ်။

ဗုံးခွဲမှုများကြောင့် လူနည်းစု ရှီယိုက်များကို ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့ပြီး စစ်ပွဲမှ အုပ်ချုပ်မှုသို့ ကူးပြောင်းကာ စစ်ဒဏ်ခံခဲ့ရသော နိုင်ငံအတွက် လုံခြုံရေး ယူဆောင်လာရန် ကြိုးပမ်းသည့်အနေတဲ့ တာလီဘန်များကို စိန်ခေါ်နေတယ်လို့ ဆိုပါတယ်။

တာလီဘန်တွေက အာဖဂန်ပိုင်နက်ကို အာဖဂန်နစ္စတန်မဟုတ်တဲ့ သောင်းကျန်းသူတွေကို ခိုအောင်းခွင့်မပြုဘူးလို့ ကတိပြုထားပေမဲ့ အာဖဂန်နစ္စတန်ရဲ့ အိမ်နီးချင်းတော်တော်များများကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေတော့ နိုင်ငံအတွင်းမှာပဲ ခိုလုံနေကြပါတယ်။

Source – abc
Ref; Powerful explosion at Kabul mosque kills at least 10 people


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။