Trending Now

ရန်ကုန် – မန္တလေးအမြန်လမ်း၌ မော်တော်ယာဉ် ၂ စီးတိုက်မှုကြောင့်အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် ၄ ဦးသေဆုံး

Spread the love

ရန်ကုန် – မန္တလေးအမြန်လမ်း၌ မော်တော်ယာဉ် ၂ စီးတိုက်မှုကြောင့်အသက် ၂ နှစ်အရွယ် ကလေးအပါအဝင် ၄ ဦးသေဆုံး

EPN
နေပြည်တော်၊ ဇန်နဝါရီ ၁၃ (၂၀၂၄)

ရန်ကုန် – မန္တလေးအမြန်လမ်း တံတားဦးမြို့နယ်၊ မိုင်တိုင်အမှတ် ၃၃၇၊ ၂ဖာလုံနှင့် ၃ဖာလုံအကြား၌ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က MARK II ယာဉ်နှင့် TOYOTA ALLION ယာဉ်တိုက်မှုကြောင့် အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်လူ (၄)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ် ၂ စီးတိုက်မိမှုကြောင့် MAR K II ကားပေါ်၌ လိုက်ပါလာသည့်လူ (၆)ဦးအနက် အသက်(၂)နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အသက် (၃၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၂)ဦးသည်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး TOYOTA ALLION ယာဉ်ပေါ်တွင် လိုက်ပါလာသည့်လူ (၃)ဦးသည် (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

“ နေပြည်တော်ကနေ မန္တလေးကို မောင်းလားတဲ့ MARK II ကားက အရှိန်လွန်ပြီးတော့ တစ်ဖက်ယာဉ်ကြောဘက်ကိုရောက်သွားတာ။ အဲဒီအချိန်မှာ နေပြည်တော်ဘက်ကို မောင်းလာတဲ့ TOYOTA ALLION ကားက MARK II ရဲ့ခါးအလယ်ပိုင်းကို ဝင်တိုက်မိတာပါ။ လေးယောက်က ပွဲချင်းပြီးဆုံးသွားတယ် ” ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးထိခိုက် ဒဏ်ရာရရှိသူများကိုစကားအင်းအမြန်လမ်း မီးသတ်တပ်ဖွဲ့မှတံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၀ နှင့် ၁ဖာလုံအကြား၌ ကားတစ်စီးအရှိန်လွန်ပြီး လမ်းလယ်ရှိ အုတ်ကန်အား ဝင်တိုက်မှုကြောင့် လူ (၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။