Trending Now

မြစ်ကြီးနားမြို့ မန်ခိန် အထက်တန်းကျောင်းဆောင်အား မသမာသူလူတစ်စုက မီးရှို့ဖျက်ဆီး

Spread the love

မြစ်ကြီးနားမြို့ မန်ခိန် အထက်တန်းကျောင်းဆောင်အား မသမာသူလူတစ်စုက မီးရှို့ဖျက်ဆီး

EPN
မြစ်ကြီးနား၊ ဇွန် ၁၅

ယနေ့မနက် ၂ နာရီခွဲ အချိန်ခန့်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်ဆောင် တစ်ခုအား မသမာသူလူတစ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

“ကျောင်းသား မိဘတွေ ခက်ခက်ခဲခဲနဲ့ ရှာထားတဲ့ ပိုက်ဆံနဲ့ ဆောက်ထားတဲ့ကျောင်း အခုတော့ မီးလောင်သွားပြီ မီးစလောင်တာက မနက် ၂ နာရီကျော်ကနေ စလောင်တာ မီးသတ်တွေကိုလည်း ခေါ်နေတာ အကြာကြီးပဲ မီးလောင်ပြီးသွားမှ ရောက်လာတယ် အကုန်ကုန်သွားပြီ ဘာမှရစရာ မရှိတော့ဘူး ” ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။

မန်ခိန် ရပ်ကွက်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက နံနက် ၃ နာရီအချိန့်တွင် သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၄၁ ဦး၊ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီးတို့ ဖြင့်သွားရောက် ငြိမ်းသတ်ခဲ့ရာ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကျွမ်းမှုကြောင့် (၁၀၀×၃၀)ပေရှိ စာသင်ကျောင်းဆောင် အားလုံးနီးပါ မီးလောင်ပျက်စီးခဲ့ပြီး မသမာသူများက မီးလောင်စေရန် ရည်ရွယ်၍ အသုံးမပြုရသေးသည့် စာသင်ကျောင်းဆောင်ဟောင်း အပေါ်ထပ်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မန်ခိန်အထက်တန်းကျောင်းဆောင်အား မီးရှို့ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် မြစ်ကြီးနားမြို့နယ်၊ပလန နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။