Trending Now

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် KIA / PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

Spread the love

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် KIA / PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် KIA / PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၈ရက်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲ ဖြစ်ပွားရာ နေရာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ တောင်ကုန်း တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း KIA / PDF ပူးပေါင်းတပ်ဖွဲ့မှ ၂ ဦးကျဆုံး၍ (SNA) မှ ၁ ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ခဲ့ကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် KIA / PDF ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ တောင်ကုန်း တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း KIA / PDF ပူးပေါင်းတပ်ဖွဲ့မှ ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ဗန်းမောက်-PDF အဖွဲ့တို့ ပူးပေါင်း အဖွဲ့တို့မှ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၃၁ ရက်နေ့ကလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။