Trending Now

ကချင်ပြည်နယ်အတွင်း မိုးကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာစိုက်ခင်းများအတွက် ထောက်ပံ့ကြေးပေးအပ်သွားမည်

Spread the love

ကချင်ပြည်နယ်အတွင်း မိုးကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာစိုက်ခင်းများအတွက် ထောက်ပံ့ကြေးပေးအပ်သွားမည်

EPN
မြစ်ကြီးနား ၊ဩဂုတ် ၄

ကချင်ပြည်နယ်အတွင်း ယခုနှစ်အတွင်း မိုးကြီး ရေလျှံမှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာစိုက်ခင်းများအတွက် ပြည်ထောင်စု အစိုးရမှ တစ်ဧကလျှင် တစ်သောင်းနှုန်းဖြင့် ပြန်လည် ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုးကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် စပါး၊ပြောင်း၊ ပဲစသည့် စိုက်ဧက သုံးထောင့်ငါးရာကျော်ရှိခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကချင်ပြည်နယ်မှာ ဒီနှစ် မိုးကြီးရေလျှံ ဖြစ်ပွားမှုကြောင့် စိုက်ဧက သုံးထောင့် ငါးရာ‌ကျော် ပျက်ဆီးဆုံးရှုံးသွားတယ် အဲ့တာကို တောင်သူလယ်သမားတွေအတွက် ထောက်ပံ့ကြေးအနေနဲ့ ပြည်ထောင်စု အစိုးရက တစ်ဧက ကို တစ်သောင်းနှုန်းပေးမယ် ပြည်နယ်အစိုးရထံ ထောက်ပံ့ကူညီ‌ပေးဖို့ တင်ပြထားတာမျိုးရှိတယ် “ဟု ၎င်းကပြောသည်။

အဆိုပါ ပျက်ဆီးခဲ့သည့် တောင်ယာစိုက်ခင်းများအနက် ပုံစံ(၇)ရှိသူများနှင့် မြေစာရင်းရုံးမှ အသိမှတ်ပြုထားသည့် စိုက်ခင်း တောင်ယာများကို ဦးစားပေး ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ယခုနှစ်အတွင်း မိုးကြီးရေလျှံမှုကြောင့် မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် တောင်ယာစိုက်ခင်းအများဆုံး ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။