Trending Now


Spread the love


EPN
မြစ်​ကြီးနား၊ မတ်​ ၂၁







လွမ်း​အောင်
———————-
ပြည်နယ်အစိုးရကို ထိန်းကျောင်းရန် ဥပဒေ ချုပ်နဲ့ စာရင်းစစ်ချုပ်ကို သမ္မတမှာကြား

EPN
မြစ်ကြီးနား၊ မတ် ၂၁

ကချင်ပြည်နယ် အစိုးရကိုထိန်းကျောင်းရန်နှင့် ပက်သက်ပြီး ပြည်နယ်ဥပဒေချ ုပ်နှင့် စာရင်းစစ်ချ ုပ်အား နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ယနေ့(မတ်လ ၂၁)ရက်နေ့တွင် မှာကြားလိုက်သည်။

အစိုးရသစ်လက်ထက်၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ ယခုပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားတွင် ကချင်ပြည်နယ်ဥပဒေချ ုပ်နှင့် ပြည်နယ် စာရင်းစစ်ချ ုပ်အား ပြည်နယ်အစိုးရအဖွဲ့ကိုထိန်းကျောင်းရန်နှင့်ပတ်သက်ပြီး ယခုကဲ့သို့ မှာကြားလိုက်သည်။

“ဒီနေရာမှာဘဲတစ်ခါတည်းပြောချင်ပါတယ် ဥပဒေချ ုပ်နှင့်စာရင်းစစ်ချ ုပ် ကျွန်တော် ပွင့်ပွင့်လင်းလင်းဘဲပြောချင်ပါတယ် ပြည်နယ်နှင့် အစိုးရက လုပ်တဲ့အခါမှာ ဥပဒေနှင့်မညီဘူးဆိုရင် အားမနာပါနဲ့ ဝန်ကြီးချ ုပ်မို့လို့၊ ငါ့မိတ်ဆွေမို့လို့ဆိုပြီးမလိုက်ရောပါနဲ့ အဲ့ဒီလိုက်ရောခြင်းသည် ကိုယ့်အစိုးရကို ကိုယ်ဒုက္ခပေးတာနဲ့အတူတူဘဲ”ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်နယ်အစိုးရအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီမညီတိုင်ပင်ကာဆောင်ရွက်သင့်ပြီးမိမိဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းထည့်သွင်း ပြောဆိုမှာ ကြားခဲ့သည်။

ယနေ့ပြုလုပ်ကျင်းပသည် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချ ုပ်နှင့် ပြည်နယ်အဆင့်အကြီးအကဲများ၊ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူ းချ ုပ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများစုစုပေါင်း ၇၀၀ဦးကျော် တက်ရောက်ခဲ့သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။