Trending Now

ပန်ဝါမြို့တွင် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး

Spread the love

ပန်ဝါမြို့တွင် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး

EPN
ပန်ဝါ၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ချီဖွေခရိုင် လူဝင်မှုကြီးကြပ်ရေးစီးဌာနမှ ပန်ဝါမြို့ ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုများ ပြုလုပ်ပေးခဲ့ကြောင်း ဒေသတာဝန်ရှိသူများထံမှ သိရသည်။

ဖေဖော်ဝါရီ လ ၁၂ နေ့မှစ‌၍ သုံးရက်တာ အတွင်း ပန်ဝါမြို့ အခြေခံပညာအထက်‌တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု မပြုလုပ်ရသေးသူများကို မြေမြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ပန်ဝါမြို့ဒေသတည်ငြိမ်းအေးချမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” ပန်ဝါမြို့ အထကကျောင်းမှာ အထက်တန်းအဆင့်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူ အပါအဝင် ပန်ဝါ၊ လုပိကျေးရွာအုပ်စု အတွင်းက ဒေသခံပြည်သူများကို သုံးရက်တာကာလနဲ့ ပြုလုပ်ပေးခဲ့တယ် ” ဟု ၎င်းကပြောသည်။

ပန်ဝါမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် ချီဖွေခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လာရောက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အိမ်ထောင်စု ပျောက်ဆုံးသူများ၊ မပြုလုပ်ရသေးသူ၊ စာရင်းတိုး ပြုလုပ်ခြင်းတို့ကို ပန်းခင်းစီမံချက် (၃) ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ပန်ဝါမြို့ပေါ်ရှိ ဒေသခံပြည်သူများ၊ လုပိကျေးရွာအုပ်စုအတွင်းက အများပြည်သူများ အိမ်ထောင်စုနှင့် နိုင်ငံသား‌စိစစ်ရေးကတ်ပြား အများအပြားလာရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။