Trending Now

COVID-19 လူနာ အမှတ်(၁) ဆုတောင်းပွဲ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဆရာတော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

COVID-19 လူနာ အမှတ်(၁) ဆုတောင်းပွဲ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဆရာတော်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
ကလေး၊ ဧပြီ ၁၈

ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာသို့ COVID-19 လူနာအမှတ်(၁) ရောက်ရှိစဉ် ပြုလုပ်ခဲ့သည့် ဆုတောင်းပွဲ တက်ရောက်ခဲ့သည့် ခရစ်ယာန် ဆရာတော် တစ်ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည် ဟု ကပ်တဲလ်ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး မှ စုံစမ်း သိရသည်။

တီးတိန်မြို့ နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် လူနာအမှတ်(၁) သည် ကပ်တဲလ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး မတ်လ ၁၉ ရက်နေ့ကဆုတောင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲ တက်ရောက်ခဲ့သည့်ကပ်တဲလ်ကျေးရွာတွင် နေထိုင်သည့် အသက် ၆၇ နှစ် အရွယ် ခရစ်ယာန် ဆရာတော်ထံတွင် ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရကြောင်း ဧပြီလ ၁၆ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။

ယင်းဆရာတော် သည် မိသားစုဝင် ၅ ဦး နှင့် နေထိုင်သူဖြစ်ပြီး ဆီးချို
သွေးချို ရောဂါ ရှိသူတစ်ဦး ဖြစ်ကြောင်း ကပ်တဲလ်ကျေးရွာ အုပ်ချုပ်ရေးမှူးပူးဒိုခတွောင် က ပြောသည်။

အုပ်ချုပ်ရေးမှူး ပူးဒိုခတွောင် က “သူက သူ့ မိသားစု နဲ့သီးသန့်နေတယ်။အဲ့ဒီ ဆုတောင်းပွဲ တက်ပြီးချိန် မှာ သူက တခြား သွားတာတော့မရှိဘူး။သူ့အိမ်မှာပဲ နေတယ်။ဘာလို့လဲ ဆိုတော့ သူက ကျန်းမာရေး မှမကောင်းတာကို ၊လမ်းလဲ ကောင်းကောင်း မလျှောက်နိုင်ဘူး”ဟု ပြောသည်။

ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည့် ကပ်တဲလ်ရွာမှ ခရစ်ယာန်ဆရာတော် ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရန် တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ခေါ်ဆောင်သွားပြီး၎င်းနေထိုင်သည့် နေအိမ်ကို လော့ဒေါင်း ချခဲ့ပြီး နေအိမ်တွင် မိသားစုဝင် ၅ဦး ကျန်ရှိနေသည်။ယခုလက်ရှိ လူနာနှင့် ဆိုပါက တီးတိန်မြို့ နယ်မှ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူ ၄ ဦး ရှိပြီး ၎င်း ၄ ဦးမှာ လူနာ အမှတ်(၁) မှ ဆက်စပ် ဖြစ်ပွားခဲ့သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ငြိမ်းသူမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။