Trending Now

မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ခုနှစ်ရာကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ခုနှစ်ရာကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဖေဖဝါရီ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေ သိန်းခုနှစ်ရာကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ကို ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနား မြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ဒူကထောင်ရပ်ကွက်တွင် လမ်းလျှောက်လာသူ ဒေါ်ဇိုင်ဝါးဂျာသမ် အားမူးယစ်သတင်းအရ စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၂ နာရီ အချိန် ၎င်းနေထိုင်သည့် ဒူကထောင် ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၄၉၄၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၁ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဒေါ်ဇိုင်ဝါးဂျာသမ်(ခ)ဂျာသမ် (၄၂)နှစ်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။