Trending Now

မိုးညႇင္းဒီဂရီေကာလိပ္တြင္ ေႏြဦးေဟမာန္ ေက်ာင္းသႀကၤန္ ေရသဘင္ပြဲေတာ္ က်င္းပ

Spread the love

မိုးညႇင္းဒီဂရီေကာလိပ္တြင္ ေႏြဦးေဟမာန္ ေက်ာင္းသႀကၤန္ ေရသဘင္ပြဲေတာ္ က်င္းပ
EPN
မိုးညႇင္း၊ မတ္ ၁
ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ရိွ မိုးညႇင္းဒီဂရီေကာလိပ္ေက်ာင္းတြင္ ၂၀၁၈-၂၀၁၉ခုႏွစ္ ပညာသင္ ႏွစ္ကုိ တက္ေရာက္သင္ၾကားေနေသာ ေမဂ်ာ

ေပါင္းစံု ေက်ာင္းသား/ေက်ာင္းသူမ်ားမွ ပူးေပါင္းက်င္းပေသာ ေႏြဦးေဟမာန္ ေက်ာင္းသႀကၤန္
ေရသဘင္ပြဲေတာ္ကို ယေန႔ မတ္လ ၁ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က မိုးညႇင္းဒီဂရီေကာလိပ္ ပင္မေဆာင္ေရွ႕တြင္ က်င္းပျပဳလုပ္ခဲ့သည္။
“ေရသဘင္ပြဲေတာ္ ျပဳလုပ္ရေသာရည္ရြယ္ခ်က္ ကေတာ့ ယခုမတ္လအတြင္းမွာ မိုးညႇင္းဒီဂရီေကာလိပ္ေက်ာင္းသား/ေက်ာင္းသူအားလံုး စာေမးပြဲေျဖဆိုမွာျဖစ္ပါတယ္။ စာေမးပြဲမေျဖဆိုခင္ သူတို႔အတြက္ စာသင္ႏွစ္တႏွစ္လံုး စိတ္ဖိစီးမႈ
ေတြ နည္းပါးေအာင္ စိတ္လန္းဆန္းေအာင္ ျပဳလုပ္ေပးရတဲ့ အတြက္ စာေမးပြဲကို စိတ္ေအးလက္ေအးေျဖဆိုေအာင္ျမင္ေစခ်င္တဲ့ရည္ရြယ္ခ်က္လည္းပါပါတယ္။ေနာက္တခုက စာေမးပြဲေျဖ
ၿပီး ေက်ာင္းပိတ္တာနဲ႔ သူ႕ရြာကိုယ့္ရြာ၊သူ႕ၿမိဳ႕ကိုယ့္ၿမိဳ႕ ျပန္ၾကမွာမို႔ သူငယ္ခ်င္းမ်ားအားလံုး ဆံုဆည္းႏိုင္ေအာင္ ယခုပြဲကို ျပဳလုပ္ရျခင္းျဖစ္
တယ္။” ဟု မိုးညႇင္းဒီ ဂရီေကာလိပ္ေက်ာင္းမွ ေက်ာင္းသားသမဂၢ ဥကၠ႒ ကိုေဇာ္ေမာင္ေမာင္က ေျပာသည္။
“အဆိုပါ” ေႏြဦး ေဟမာန္ေက်ာင္းသႀကၤန္ ပြဲတြင္ ျမန္မာ့႐ိုးရာသႀကၤန္ အစားအစာတခုျဖစ္ေသာ မုန္႔လံုးေရေပၚႏွင့္ အခ်ဳိရည္မ်ား ကို စတုဒီတာအျဖစ္ ျပဳလုပ္ေကြၽးေမြးခဲ့ၿပီး မိုးညႇင္းဒီဂရီေကာလိပ္ ေက်ာင္းသူေလးမ်ားမွ သႀကၤန္ယိမ္းအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကၿပီး ေခတ္ေပၚ (DJ)သီခ်င္းမ်ားျဖင့္ လည္း ျမဴးႂကြေပ်ာ္ရႊင္စြာ ေက်ာင္းတြင္းသႀကၤန္ကို စည္စည္ကားကား ေအးခ်မ္းစြာ ေဆာ့ကစားခဲ့ၾကေၾကာင္း အဆိုပါ ေက်ာင္းမွ ေမာ္ကြန္းထိန္း ဦးေစာဝင္းျမင့္ထြန္း ထံမွသိရသည္။
အဆိုပါ ေရသဘင္ပြဲသို႔ မိုးညႇင္းဒီဂရီေကာလိပ္ ေက်ာင္းအုပ္ႀကီးကိုယ္စား ျမန္မာစာ ပါေမာကၡ ဌာနမႉး ေဒါက္တာ ေဒၚလြင္လြင္မွ တက္ေရာက္အဖြင့္မိန္႔ခြန္းစကား ေျပာၾကားခဲ့ၿပီး ေနာက္ မိုးညႇင္းဒီဂရီေကာလိပ္မွ ေက်ာင္းသူသႀကၤန္ယိမ္းပ်ဳိျဖဴေလးမ်ားအဖြဲ႕မွ ျမနႏၵာ သႀကၤန္သီခ်င္းျဖင့္ ေႏြဦးေဟမာန္ေက်ာင္းသႀကၤန္ ဖြင့္ပြဲကုိ သီဆုိ ကျပေဖ်ာ္ေျဖခဲ့ရာ မိုညႇင္းဒီဂရီေကာလိပ္ေက်ာင္းမွ ဘာသာရပ္ဆိုင္ရာ ဆရာ/ဆရာမမ်ား တာဝန္ရိွသူမ်ား ႏွင့္ မိုးညႇင္းဒီဂရီေကာလိပ္မွ ေက်ာင္းသား/ေက်ာင္းသူ ဦးေရ စုစုေပါင္း ၁၀၀၀ ခန္႔တက္ေရာက္ အားေပးခဲ့ သတင္းရရိွသည္။
မိုးျမင့္
———————————————-
မိုးညှင်းဒီဂရီကောလိပ်တွင် နွေဦးဟေမာန်
ကျောင်းသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပ
EPN
မိုးညှင်း၊ မတ် ၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်းတွင် ၂၀၁၈-၂၀၁၉ခုနှစ် ပညာသင် နှစ်ကို တက်ရောက်သင်ကြားနေသော မေဂျာ
ပေါင်းစုံ ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းကျင်းပသော နွေဦးဟေမာန် ကျောင်းသင်္ကြန်
ရေသဘင်ပွဲတော်ကို ယနေ့ မတ်လ ၁ရက်နေ့ နံနက်(၁၀)နာရီအချိန်က မိုးညှင်းဒီဂရီကောလိပ် ပင်မဆောင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
“ရေသဘင်ပွဲတော် ပြုလုပ်ရသောရည်ရွယ်ချက် ကတော့ ယခုမတ်လအတွင်းမှာ မိုးညှင်းဒီဂရီကောလိပ်ကျောင်းသား/ကျောင်းသူအားလုံး စာမေးပွဲဖြေဆိုမှာဖြစ်ပါတယ်။ စာမေးပွဲမဖြေဆိုခင် သူတို့အတွက် စာသင်နှစ်တနှစ်လုံး စိတ်ဖိစီးမှု
တွေ နည်းပါးအောင် စိတ်လန်းဆန်းအောင် ပြုလုပ်ပေးရတဲ့ အတွက် စာမေးပွဲကို စိတ်အေးလက်အေးဖြေဆိုအောင်မြင်စေချင်တဲ့ရည်ရွယ်ချက်လည်းပါပါတယ်။နောက်တခုက စာမေးပွဲဖြေ
ပြီး ကျောင်းပိတ်တာနဲ့ သူ့ရွာကိုယ့်ရွာ၊သူ့မြို့ကိုယ့်မြို့ ပြန်ကြမှာမို့ သူငယ်ချင်းများအားလုံး ဆုံဆည်းနိုင်အောင် ယခုပွဲကို ပြုလုပ်ရခြင်းဖြစ်
တယ်။” ဟု မိုးညှင်းဒီ ဂရီကောလိပ်ကျောင်းမှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇော်မောင်မောင်က ပြောသည်။
“အဆိုပါ” နွေဦး ဟေမာန်ကျောင်းသင်္ကြန် ပွဲတွင် မြန်မာ့ရိုးရာသင်္ကြန် အစားအစာတခုဖြစ်သော မုန့်လုံးရေပေါ်နှင့် အချိုရည်များ ကို စတုဒီတာအဖြစ် ပြုလုပ်ကျွေးမွေးခဲ့ပြီး မိုးညှင်းဒီဂရီကောလိပ် ကျောင်းသူလေးများမှ သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ခေတ်ပေါ် (DJ)သီချင်းများဖြင့် လည်း မြူးကြွပျော်ရွှင်စွာ ကျောင်းတွင်းသင်္ကြန်ကို စည်စည်ကားကား အေးချမ်းစွာ ဆော့ကစားခဲ့ကြကြောင်း အဆိုပါ ကျောင်းမှ မော်ကွန်းထိန်း ဦးစောဝင်းမြင့်ထွန်း ထံမှသိရသည်။
အဆိုပါ ရေသဘင်ပွဲသို့ မိုးညှင်းဒီဂရီကောလိပ် ကျောင်းအုပ်ကြီးကိုယ်စား မြန်မာစာ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်လွင်လွင်မှ တက်ရောက်အဖွင့်မိန့်ခွန်းစကား ပြောကြားခဲ့ပြီး နောက် မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသူသင်္ကြန်ယိမ်းပျိုဖြူလေးများအဖွဲ့မှ မြနန္ဒာ သင်္ကြန်သီချင်းဖြင့် နွေဦးဟေမာန်ကျောင်းသင်္ကြန် ဖွင့်ပွဲကို သီဆို ကပြဖျော်ဖြေခဲ့ရာ မိုညှင်းဒီဂရီကောလိပ်ကျောင်းမှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ တာဝန်ရှိသူများ နှင့် မိုးညှင်းဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၁၀၀၀ ခန့်တက်ရောက် အားပေးခဲ့ သတင်းရရှိသည်။
မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။