Trending Now

ထိန်ချုံးမြို့အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများလာရောက်လှူဒါန်း

Spread the love

ထိန်ချုံးမြို့အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများလာရောက်လှူဒါန်း

EPN
ကန်ပိုင်တည်၊ မေ ၁၈

တရုတ်နိုင်ငံထိန်ချုံးမြို့အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများသို့ ကိုရိုနာဗိုင်းရပ် (covid-19) ထိန်းချုပ်ကာကွယ်ရေးအတွက် တန်ဖိုးငွေ သိန်းတစ်ထောင်ရှိ ကာကွယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေ ကျပ်သိန်းလေးရာကိုယနေ့ မေ ၁၈ ရက်က လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

အဆိုပါ အသင်းမှစာဂျီကယ် နှာခေါင်းစည်း(Mask)စုစုပေါင်းအရေအတွက် ၂သိန်း၊ 84 ပိုးသက်ဆေးရည် တန်ချိန်(၁၀)တန် ၊ လက်အိတ် အစုံရေ (၁၀၀၀၀) ၊ ကာကွယ်ရေးအဝတ် အထည် PPE (၂၀၀) ဖြစ်ပြီးယင်းပစ္စည်းတန်ဖိုးသိန်းပေါင်း(၁၀၀၀)ကျော်၊ ငွေကျပ်ပေါင်းသိန်း(၄၀၀) ကိုလှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခုလိုလှူဒါန်းရခြင်နှင့်ပတ်သက်ပြီးထိန်ချုံးမြို့အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းဥက္ကဌ ဦးဟော်ရန်ဆူမှ “ ဒီကမ္ဘာကပ်ရောဂါကြီးကတစ်ကမ္ဘာလုံးဖြစ်နေတဲ့အချိန်ဖြစ်တယ်။ အခုတရုတ်ပြည်မှာ တော့ ဒီရောဂါကိုထိန်းချုပ်နိုင်သလောက်ဖြစ်သွားပြီသို့သော် ဘာပဲဖြစ်ဖြစ်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာအခုလိုကာကွယ်ရေးပစ္စည်းတွေကိုလိုအပ်မယ်ထင်တယ်။အဲ့လိုယူဆလို့ ကျနော်တို့ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းကစုပေါင်းဝိုင်းဝန်းပြီးလာရောက်လှူဒါန်းရခြင်း ဖြစ်တယ်” ဟုပြောသည်။

အဆိုပါလှူဒါန်းမှုတွင်ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးနေဝင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူ များ ၊ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ နာယကဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ ထိန်ချုံးမြို့ အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။