Trending Now


Spread the love


EPN
လုံးခင်း၊ မတ် ၁၃



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာအနီး ဖားကန့်-လုံးခင်းသွား ဥရုချောင်းဘေးတွင် မတ်(၁၃)ရက်၊ နံနက် (၇း၅၀) အချိန်ခန့်က လုံးခင်းကျေးရွာမှ ဖားကန့်ဘက်သို့ အောင်မင်းစိုး၊ (၂၅)နှစ် မောင်းနှင်သော လေးလုံးထိုး သဲကျောက်တင် တုန်ဖုန်းကားသည်

ဖားကန့်မှ လုံးခင်းကျေးရွာဘက်သို့ ဘရန်တောင်၊ (၃၉)နှစ် မောင်းနှင်၍ ၄င်းနှင့်အတူ နောက်မှထိုင်ကာ လိုက်ပါလာသည့် မဂျီတောင်၊ (၃၂)နှစ် KENBO 125၊ နက်/နီကြား ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ဘရန်တောင် မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နဖူးဝဲဘက်ပေါက်ပြဲ၊ ဝဲဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး၊ မဂျီးတောင်မှာ ဦးခေါင်းယာဘက်ပေါက်ပြဲ၊ ဝဲဘက်ပေါင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဘရန်တောင် မှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ချိုမောင်၊ နောင်ရိုး
——————————————-
သဲကျောက်တင်တုန်ဖုန်းကားနှင့်ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူသေဆုံး

EPN

လုံးခင်း၊ မတ် ၁၃

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာအနီး ဖားကန့်-လုံးခင်းသွား ဥရုချောင်းဘေး၌ ယာဉ်မတော်တဆဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားကြောင်း လုံးခင်းနယ်မြေရဲစခန်းမှသိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာအနီး ဖားကန့်-လုံးခင်းသွား ဥရုချောင်းဘေးတွင် မတ်(၁၃)ရက်၊ နံနက် (ရး၅၀) အချိန်ခန့်က လုံးခင်းကျေးရွာမှ ဖားကန့်ဘက်သို့ အောင်မင်းစိုး၊ (၂၅)နှစ် မောင်းနှင်သော လေးလုံးထိုး သဲကျောက်တင် တုန်ဖုန်းကားသည်

ဖားကန့်မှ လုံးခင်းကျေးရွာဘက်သို့ ဘရန်တောင်၊ (၃၉)နှစ် မောင်းနှင်၍ ၎င်းနှင့်အတူ နောက်မှထိုင်ကာ လိုက်ပါလာသည့် မဂျီတောင်၊ (၃၂)နှစ် KENBO 125၊ နက်/နီကြား ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ဘရန်တောင် မှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ နဖူးဝဲဘက်ပေါက်ပြဲ၊ ဝဲဘက်ခြေဖမိုး ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး၊ မဂျီးတောင်မှာ ဦးခေါင်းယာဘက်ပေါက်ပြဲ၊ ဝဲဘက်ပေါင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသရာ ဘရန်တောင် မှာ ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

 သေဆုံးသူ ဦးဘရန်တောင်မှာ နမ္မဖြစ်ကျေးရွာအုပ်စု၊ ဂျာလယန်ကျေးရွာမှဟု သိရပြီး၊ လက်ရှိနေရပ်မှာ ယူမာစစ်ရှောင်စခန်းတွင် နေထိုင်သည့် လမ်းအလုပ်သမားတစ်ဦးဖြစ်ကြောင်းကို မှော်စီစာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ အောင်မင်းစိုးအား
လုံးခင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ၃၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
ချိုမောင်၊  နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။