Trending Now

မိုးကောင်းမြို့ ညောင်ပင်ကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တမ ဘဝနတ်ထံ ပျံလွန်တော်မူ

Spread the love

မိုးကောင်းမြို့ ညောင်ပင်ကျောင်း၏ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တမ ဘဝနတ်ထံ ပျံလွန်တော်မူ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၅
ကချင်ပြည်နယ်၊မိုးကောင်းမြို့၊ဈေးကုန်းရပ်ကွက်၊ဘ/က(၃) ညောင်ပင်ကျောင်း၏ ပဓာနနာယကကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တမ သက်တော် (၄၄)နှစ် ဝါတော် (၂၄) ဝါသည် ယနေ့ နံနက်(၆) နာရီ(၄၅)မိနစ် အချိန်တွင် (၉၆) ပါးသော ရောဂါဝေဒနာကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။
“ဆရာတော်ကြီးက အမှတ် (၃)၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်၊ရင်ငြိမ်းပန်း ပရဟိတ ကွန်ရက်ရဲ့ နာယက ဆရာတော်၊လောကဓာတ်စရိယ လူမှုကူညီရေးအသင်းရဲ့ နာယကဆရာတော် ဖြစ်ပါတယ်” ဟု ဆရာတော် အရှင်နန္ဒိယ (မြောင်) ကမိန့်ကြားသည်။
ညောင်ပင်ကျောင်းဆရာတော် ဦးဥတ္တမ၏ ထေရုပ္ပတ္တိအကျဉ်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဥက္ကံကျေးရွာ၊ခမည်းတော်ဦးရုံးစိန်၊မယ်တော်ဒေါ်ရဲရွှေတို့မှ ကောဇာသက္ကရာဇ် ၁၃၄ဝ၊ နတ်တော်လဆုတ်(၆)ရက်တနင်္ဂနွေနေ့တွင်ဖွားမြင်တော်မူခဲ့ပါသည်။
ခမည်းတော်ဦးရှုံးစိန်၊မယ်တော်ဒေါ်ရဲ့ရွှေ တို့၏ ပစ္စယာနုဂ္ဂဟကို ၁၃၅၀ခုနှစ်တပေါင်းလဆန်း(၄)ရက်၊(တနင်္ဂနွေနေ့)တွင် ခံယူ၍ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပါသည်။ ရဟန်းဒါယကာဦးဘို+ရဟန်းဒါယိကာမဒေါ်နီ တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ၁၃၆၀-ခုနှစ် တပေါင်းလဆန်း(၅)ရက် နေ့တွင်မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်၊ ညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးဥတ္တမ၏ ကြွင်းကျန်သော ရုပ်ကလာပ်တော်ကို ၁၃၈၄ခုနှစ်၊တော်သလင်းလပြည့်ကျော် (၂) ရက်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နေ့လည်(၁)နာရီ အချိန်တွင် အန္တိမအဂ္ဂိဈာပနအား ဆင်ယင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။