Trending Now

ယူကရိန်းက ရေဒီယိုသတ္တိကြွ ဗုံးကိုအသုံးပြုဖို့စီစဉ်နေတယ်လို့ ရုရှား စွပ်စွဲ

Spread the love

ယူကရိန်းက ရေဒီယိုသတ္တိကြွ ဗုံးကိုအသုံးပြုဖို့စီစဉ်နေတယ်လို့ ရုရှား စွပ်စွဲ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆

ယူကရိန်းနိုင်ငံက ရေဒီယိုသတ္တိကြွဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ညစ်ညမ်းဗုံးကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ရုရှားက အင်္ဂါနေ့မှာ ကျင်ပပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

” ကမ္ဘာမြေကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ကျောက်မက်ဖွယ်ရာ ကပ်ဆိုးကြီးကိုတာဆီးနိုင်လိုက်တယ်ဆိုရင် ရုရှားက တမင်လုပ်ကြံပြောဆိုတယ်လို့ နေတဲ့ သူတွေကိုလည်း စိတ်မဆိုးပါဘူး ” လို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုတိယသံအမတ် ဒမက်ထရီ ပိုလန်စကီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ယူကရိန်းအစိုးရက ရေဒီယိုသတ္တိကြွဗုံးကို ဖန်တီးဖို့အတွက် အဖွဲ့အစည်း နှစ်ခုကို အမိန့်ပေးခဲ့တယ်လို့ ရုရှားက စွပ်စွဲခဲ့ပြီး ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဗစ်ဆီးလီ နဗန်းဇီယာက စွပ်စွဲချက်အသေးစိတ်ကို ကုလသမဂ္ဂထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

ရုရှားရဲ့ စွပ်စွဲချက်ဟာ အရင်က အကြိမ်များစွာ မြင်တွေ့ခဲ့ရတဲ့ ရုရှားသတင်းအမှားမျိုးဖြစ်ပြီး သက်သေအထောက်အထား အသစ်ကို မတွေ့ရှိရတဲ့အတွက် စွပ်စွဲချက်ကို ရပ်တန့်သင့်တယ်လို့ ဗြိတိန်နိုင်ငံ လက်ထောက် ကုလသမဂ္ဂ သံအမတ်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗီယင်နာအခြေစိုက် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ယူကရိန်းရဲ့ ဒေသနှစ်ခုကို မကြာမီရက်ပိုင်းအတွင်း စစ်ဆေးရေးမှူးတွေ စေလွတ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Russia raises accusation at U.N. of Ukraine ‘dirty bomb’ plans
May be an image of 3 people, people sitting and text that says 'RUSSIAN FEDERATION UNITED UNITED_ADAR AD'

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။