Trending Now

စစ်ကိုင်းမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦး ရုပ်အလောင်းနားက ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး အသက်ရှင်လျက်တွေ့ရ

Spread the love

စစ်ကိုင်းမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသမီး ၂ ဦး ရုပ်အလောင်းနားက ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး အသက်ရှင်လျက်တွေ့ရ

EPN
စစ်ကိုင်း ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ နီလာရပ်ကွက် ၊ စစ်ကိုင်း ရွှေဘို အမှတ် ၃ ခရိုင်ချိတ်ဆက် ဖွံ့ဖြိုးရေးလမ်းမှာ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက အမျိုးသမီး ၂ ဦး ပစ်သတ်ခံထားရပြီး အဲ့ဒီ အလောင်းတွေနားက အသက်ရှင်လျက်ကလေးငယ် တစ်ဦးတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” အခုထိတော့ ပိုင်ရှင်မပေါ်သေးဘူး ၊ ပိုင်ရှင်မဲ့ အမျိုးသမီး ရုပ်အလောင်း ၂ လောင်းတွေ့ရတယ် ၊ အသက် ၂၀ ဝန်းကျင် ၁ ယောက်နဲ့ ၃၀ ဝန်းကျင် ၁ ယောက်ဖြစ်တယ် ၊ မျက်နှာကို အဝတ်စီးပြီး ဦးခေါင်းပိုင်းကို ပစ်သတ်ထားတာပါ ၊ အဲ့ဒီ အလောင်းတွေနားမှာ ၂ နဇစ်အရွယ် ကလေးငယ်တယောက်ကို အသက်ရှင်လျက်တွေ့ရတာကြောင့် လူမှုကူညီရေး အသင်းက ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်. ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ၂ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၉ လအတွင်းမှာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။