Trending Now

အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားမှာကို ယာယီတားဆီးမယ့် မူကြမ်းအတွက် အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

Spread the love

အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားမှာကို ယာယီတားဆီးမယ့် မူကြမ်းအတွက် အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဘဏ္ဍာရေးနှစ်သစ်မှာ အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားမှာကို တားဆီးပေးမယ့် ငွေကြေးသုံးစွဲမှုဆိုင်ရာ ဥပဒေမူကြမ်းတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးမှာ စနေနေ့က အဲဒီမူကြမ်းကို မဲအများစုနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီဥပဒေအရ အမေရိကန်အစိုးရဟာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး နိုဝင်ဘာလလယ်အထိ ၄၅ ရက်ကြာ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်မှာ သောကြာနေ့က အရင်မူကြမ်းတစ်ခု ငြင်းပယ်ခံခဲ့ရတာကြောင့် အစိုးရလုပ်ငန်းဆောင်တာတွေ ရပ်နားရနိုင်ခြေ ရှိတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်မားလာခဲ့ပါတယ်။ အဲဒီလို ဖရိုဖရဲအခြေအနေ ဖြစ်သွားရတဲ့ အကြောင်းရင်းတစ်ခုကတော့ အတိုက်အခံ ရီပက်ဘလစ်ကန်ပါတီအတွင်း သဘောမတူညီမှုတွေ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy ဟာ ယူကရိန်းအတွက် ထောက်ပံ့ကြေးကို ဖယ်ရှားထားတဲ့ ပြင်ဆင်ပြီးသား မူကြမ်းကို စနေနေ့က အောက်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီမိုကရက်တွေက အဲဒီငွေကြေးကို ထည့်သွင်းဖို့ တောင်းဆိုခဲ့ပေမဲ့ သဘောထားပြင်းထန်တဲ့ ရီပက်ဘလစ်ကန်တွေကတော့ ခိုင်ခိုင်မာမာ ဆန့်ကျင်ခဲ့ပါတယ်။

အထက်လွှတ်တော်က စနေနေ့ညမှာ အဲဒီမူကြမ်းကို အတည်ပြုခဲ့ပြီးနောက် သမ္မတ ဘိုင်ဒင်ဟာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သူက “ဒါဟာ အမေရိကန်ပြည်သူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ ကြိုးစားလုပ်ကိုင်နေကြတဲ့ အမေရိကန်ပြည်သူတွေကို မလိုအပ်ဘဲ နာကျင်စေတာမျိုး ဖြစ်စေနိုင်တဲ့ အကျပ်အတည်းကို တားမြစ်ပေးတာကြောင့်ပါ” လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေအနေနဲ့ နိုဝင်ဘာလလယ်မတိုင်မီ ဘတ်ဂျက်တစ်ခုလုံးအတွက် သဘောတူညီမှု ရနိုင်မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Source; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။