Trending Now
Spread the love

ဗန်းမောက်မြို့နယ်တွင် နွားများ ခြေပုပ်လက်ပုပ်ရောဂါကြောင့် သေဆုံးလျှက်ရှိ
EPN
ဗန်းမောက်၊ ဖေဖေါ်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကျောက်တန်းအုပ်စု ပေါက်နက်ကုန်းကျေးရွာ၌ ယခုအခါတွင် ခြေပုပ်လက်ပုပ်ရောဂါကြောင့် နွားများသေဆုံးလျှက်ရှိကြောင်း သိရသည်။
ကျွဲနွားများတွင် ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်သော ခြေပုပ်လက်ပုတ်ရောဂေါသည် ဆောင်းအကုန်နွေအကူးတွင် ဖြစ်ပွားမူများပြီး ရာသီဥတုဒဏ်၊ နွားများ၏အစားအစာနှင့် မသန့်ရှင်သော ရေများကြောင့်ဖြစ်ပွားရခြင်းဖြစ်ကာလယ်ယာ၊ ချောင်းမြောင်း၊ တော၊တောင်များ၌ တရားမဝင် ရွှေသတ္တုတူးဖေါ်နေခြင်းများကြောင့် နွားစားကျက်များပျောက်ဆုံးခဲ့ပြီး အစာရေစာရှားပါလာခြင်း၊ ရွှေသတ္တုဖမ်းယူရာတွင်အသုံးပြုကြသောပြဒါးများ၊ ကျောက်ရွှေချက်ရာ၌ အသုံးပြုသည့်ဓါတုဗေဒဆေးဖြစ်သော ဆာရာနိုက်ရည်များချောင်းအတွင်း သို့ယိုစိမ့်ထွက်ကျလာခြင်းနှင့် ချောင်းရေများနောက်ကျိကာ ရွံ့နွံရည်များသာ စီးဆင်းလာနေပြီးအဆိုပါရေများ ကို နွားများ သောက်သုံးလာနေကြရသဖြင့် ရောဂါများဖြစ်ပွားကာ သေဆုံးရခြင်းဖြစ်နိုင်ကြောင်းဒေသခံတောင်သူများထံမှ သိရသည်။
“အဓိက ကတော့၊ အစာရေစာနဲ့ပတ်သက်လို့ဖြစ်တာနေမှာပါ၊ အရင်နှစ်တွေက ဒီလိုမျိုး ခြေပုပ်လက်ပုပ်ဖြစ်လို့သေတာမျိုးတွေမဖြစ်ခဲ့ဘူး၊ ဒီနှစ်မှဖြစ်လာတာ၊ အခုဆိုရင်၊ ကျွန်တော်တို့ရွာမှာ အဲဒီရောဂါနဲ့ နွား၈ကောင်နဲဒယူးရွာမှာ ကျွဲတစ်ကောင်နဲ့ ကန့်ကော်ရွာမှာက ကျွဲတစ်ကောင် သေသွားပြီး၊ ဒီရောဂါကအသေမြန်တယ်၊ အိမ်ကနေစာကျက်ကို မနက်ကလေးတင်လွှတ်ကျောင်းလိုက်တာ၊ ပြန်မလာလို့လိုက်ကြည့်တော့၊ သေနေကုန်ကြတယ်၊ နွားစာတွေကလဲရှားကုန်ပြီး၊ လယ်ယာ ချောင်းမြောင်းတွေမှာ ရွှေတွေတူးဖေါ်နေကြတော့လေ၊ နွားတွေက အစာစားပြီးရင် ချောင်းထဲသွား ရေသောက်ကြတာများတယ်၊ ရေတွေက သန့်ရှင်းကြည်လင်မူ မရှိကြတော့ဘူး၊ နွံ့ရည်တွေဆိုတော့ ၊ အဲ့ဒီနွံ့ရည်တွေထဲမှာလဲ ပြဒါးအရည်တွေ၊ ဆာရာနိုက်အရည်တွေပါနိုင်တော့အဆိပ်အသောက်တွေဖြစ်ပြီး သေကုန်တာလဲပါမှာပေါ့၊”ဟု ပေါက်နက်ကုန်းကျေးရွာနေတောင်သူတစ်ဦးမှပြောသည်။
အဆိုပါ ခြေပုပ်လက်ပုတ်ရောဂါဖြစ်သော နွားများတွင် ခြေချောင်းများ၊ လက်ချောင်းများနှင့် ကိုယ်ခန္ဓာများ၌ အဖူးအပိန့်များထွက်လာကာ နှာခေါင်းပေါက်မှ ရွံ့နွံ့ရည်များထွက်ကြလာပြီး စအိုဝများတွင်သွေးများထွက်၍ ခြေချောင်းလက်ချောင်းများ တုန်ရင်ကာ သေဆုံးကြရပြီး အချိန်မှီ ရောဂါကာကွယ်ဆေးများ ထိုးနိုင်ရေး လိုအပ်နေကြောင်း သိရသည်။
လှိုင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။