Trending Now

ကမ္ဘာကမှ အလင်းနှစ် ၁၂.၉ ဘီလီယံခန့် အကွာအဝေးရှိ နေထက် အဆ ၅၀ ကြီးမားသည့် ကြယ်တစ်လုံးကို ရှာဖွေတွေ့ရှိ

Spread the love

ကမ္ဘာကမှ အလင်းနှစ် ၁၂.၉ ဘီလီယံခန့် အကွာအဝေးရှိ နေထက် အဆ ၅၀ ကြီးမားသည့် ကြယ်တစ်လုံးကို ရှာဖွေတွေ့ရှိ

EPN
နိုင်ငံတကာ၊ ဧပြီ ၄

ကမ္ဘာမှ အလင်းနှစ် ၁၂.၉ ဘီလီယံခန့် အကွာအဝေးရှိ နေထက် အဆ ၅၀ ကြီးမားတဲ့ ကြယ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ နိုင်ငံတကာ သုတေသီများက ပြောပါတယ်။

သုတေသနအဖွဲ့မှာ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင်များ ပါဝင်ခဲ့ကြပြီး နေရဲ့ ထုထည်ထက် အဆ ၅၀ ထက်မနည်းရှိမယ်လို့ ခန့်မှန်းထားတဲ့ ကြယ်ကိုရှာဖွေရန် Hubble Space Telescope ကိုအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အခုရှာဖွေတွေ့ရှိခဲ့တဲ့ ကြယ်ကြီးဟာ အရင်တွေ့ရှိခဲ့တဲ့ ကြယ်ထက် အလင်းနှစ် လေးဘီလီယံခန့် အကွာအဝေးမှာ တည်ရှိနေတယ်လို့ သုတေသီများက ဆိုပါတယ်။

အဆိုပါ Big Bang လို့ အမည်ပေးထားတဲ့ ကြယ်ဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၂ ဒသမ ၉ ဘီလီယံက တည်ရှိခဲ့တာဖြစ်ပြီး စကြဝဠာကိုမွေးဖွားပြီးနောက် နှစ်သန်းပေါင်း ၉၀၀ ခန့်အကြာက တည်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရှာဖွေတွေ့ရှိမှုကြောင့် စကြဝဠာရဲ့ အစောပိုင်းအဆင့်များက ကြယ်များရဲ့ ပြောင်းလည်းလာတဲ့ ဖြစ်စဉ်တွေကို ရှာဖွေတွေ့ရှိဖို့ သဲလွန်စများပေးစွမ်းနိုင်မယ်လို့ မျော်လင့်ကြောင်း သုတေသီများကပြောဆိုခဲ့ပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။