Trending Now

တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျန်းမာရေးအဆင့် ပြည့်မီသူများကိုသာ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နစကထုတ်ပြန်

Spread the love

တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျန်းမာရေးအဆင့် ပြည့်မီသူများကိုသာ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နစကထုတ်ပြန်

EPN
နေပြည်တော်၊ မတ် ၁၃ (၂၀၂၄)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့သူ စိတ်ဝေဒနာရှင်တစ်ဦးကို မတ်လ ၁၁ ရက်နေ့က တပ်မတော်မှ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာက အထင်အမြင် လွဲမှားဖွယ် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  မတ်လ ၁၁ ရက်နေ့က မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ်တွင် ၎င်းကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း မရှိကြောင်း၊ တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် သတ်မှတ်ထားသည့် ကျန်းမာရေးအဆင့်ပြည့်မီသူများကိုသာ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ ယင်းကဲ့သို့ စိတ်ဝေဒနာသည် တစ်ဦးကိုလည်း စစ်မှုထမ်းဆောင်ရန်အတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်း စသည့် ကောလာဟလသတင်းအမှားများဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။