Trending Now

ငပုတောမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြင်ပမှ ၅၆၇ ဦး ဝင်ရောက်‌ဖြေဆိုမည်ဖြစ်ပြီး ဖြေဆိုမည့်သူဦးရေ ၂၃၇၅ ဦးရှိ

Spread the love

ငပုတောမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြင်ပမှ ၅၆၇ ဦး ဝင်ရောက်‌ဖြေဆိုမည်ဖြစ်ပြီး ဖြေဆိုမည့်သူဦးရေ ၂၃၇၅ ဦးရှိ

EPN
ငပုတော၊ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ယခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ပြင်ပဝင်ရောက်ဖြေဆိုမည့်သူ ၅၆၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ ၂၃၇၅ ဦးရှိကြောင်း ငပုတောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ငပုတောမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုစာစစ်ဌာန ၁၄ ခုဖွင့်လှစ်သွားမည် ဖြစ်ပြီး ကျောင်းတွင်းစာဖြေသူမည့်သူဦးရေ ၁၈၀၈ ဦး၊ ပြင်ပဖြေဆိုမည့်သူဦးရေ ၅၆၇ ဦးတို့မှ စာမေးပွဲဖြေဆိုရန် လျှောက်လွှာများတင်သွင်းထားပြီး စုစုပေါင်းဝင်ရောက် ဖြေဆိုမည့်သူ ၂၃၇၅ ဦး ရှိကြောင်း သိရသည်။

”ငပုတောမြို့နယ်အတွင်းတွင် အထက်တန်းကျောင်း ၁၄ ကျောင်းရှိပါတယ်။ စာစစ်ဌာန ၁၄ ခုဖွင့်လှစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းတွင်း စာဖြေမည့်သူဦးရေက ၁၈၀၈ ဦးရှိပါတယ်။ ကျောင်းပြင်ပ ဖြေဆိုမည့်သူဦးရေ ၅၆၇ ဦးရှိပါတယ်။စာစစ်ဌာန ၁၄မှာ စုစုပေါင်း ဖြေဆိုမည့်သူဦးရေ ၂၃၇၅ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါတယ်။ လက်ရှိ ကျောင်းသား ကျောင်းသူများအေးအေးချမ်းချမ်း စာမေးပွဲဖြေဆိုနိုင်ရန် လိုအပ်သောပြင်ဆင်မှုများကိုဆောင်ရွက်ထားပါတယ်။ ”ဟု ငပုတောမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ် ပညာရေးမှူး ဦးစောဟင်နရီကပြောသည်။

ငပုတောမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ကိုဗစ်-၁၉ ရောဂါစည်ကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျကျင်းပဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့၊မြို့စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဦးစီးဌာန
တို့မှ ပူးပေါင်းပြင်ဆင်နေကြောင်း သိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ရက်တွင် မြန်မာစာ၊ ဧပြီလ ၁ ရက်တွင် အင်္ဂလိပ်စာ၊ ဧပြီလ ၂ ရက်တွင် သင်္ချာ၊ ဧပြီလ၄ ရက်တွင် ဓာတုဗေဒ၊ ဧပြီလ ၅ရက်တွင် ရုပဗေဒ၊ ဧပြီလ ၆ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ဧပြီလ ၇ ရက်တွင် ပထဝီဝင်၊ ဧပြီလ ၈ ရက်တွင်သမိုင်၊ ဧပြီလ ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာ ‌စသဖြင့် စီစဉ်ထားကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။