Trending Now

ဖားကန့်မြို့နယ်တွင် အမျိုးသားနှစ်ဦးကို PDF မှ သေနတ်ဖြင့် ပစ်သတ်

Spread the love

ဖားကန့်မြို့နယ်တွင် အမျိုးသားနှစ်ဦးကို PDF မှ သေနတ်ဖြင့် ပစ်သတ်

EPN
ဖားကန့်၊ အောက်တိုဘာ ၆ (၂၀၁၃)

ဖားကန့်မြို့နယ်တွင် အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် အမျိုးသားနှစ်ဦးကို ဖားကန့် PDF အဖွဲ့ မှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့၍ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ တစ်ဦးမှာ မုန့်လိုက်ပို့သည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရပြီး ကျန်တစ်ဦးမှာ စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် (အမည်မသိ) အမျိုးသား တစ်ဦး ဖြစ်ကြောင်း နှင့် ဖားကန့် PDF အဖွဲ့မှ သေနတ်ဖြင့် အနီးကပ်တေ့ပစ်သတ်ခဲ့ကြောင်း ‌ဖားကန့်မြို့နေသူ တစ်ဦးက ဆိုသည်။

“ဖားကန့်မြို့ကတော့ တိုက်ပွဲဖြစ်လိုက် လုပ်ကြံသတ်ဖြတ်လိုက်နဲ့ နေစရာကို မရှိတော့ဘူး။ အခုလဲ ‌မုန့်ရောင်းပြီးလို့ မော်ဝမ်းကို ပြန်လာတဲ့ အမျိုးသား ဆိုင်ကယ်မောင်းနေတုန်း လမ်းမှာ သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့ရတယ်။ ပြီးတော့ မမုံ စံပြကျေးရွာမှာလဲ စက်သုံးဆီဆိုင်မှာ ဆီဖြည့်နေတုန်း အနီးကပ် သေနတ်နဲ့ပစ်သတ်လို့ နောက်တစ်ဦး ထပ်သေတယ်။ တစ်ရက်ထဲမှာ အပြစ်မဲ့ ပြည်သူ နှစ်ဦး အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားကြတယ်” ဟု ၎င်းကပြောသည်။

သေနတ်ဒဏ်များဖြင့် သေဆုံးသူ နှစ်ဦး အနက် တစ်ဦးသည် မော်ဝမ်း ရေအေးချောင်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ ဦးစန်းမြင့် ဆိုသူဖြစ်ပြီး မမုံစံပြကျေးရွာရှိ စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် သေနတ်ဖြင့် အနီးကပ်
ပစ်ခတ်ခံရ၍ သေဆုံးသူသည် ၎င်း၏ နေရပ်လိပ်စာအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စက်တင်ဘာ (၃၀) ရက်နေ့က ကထန်ကျေးရွာအတွင်းရှိ လမ်းဆုံတွင် ရေခဲချောင်းရောင်းနေသည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့၍ သေဆုံးခဲ့ပြီး အလားတူ အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာ အုပ်စု ကုဋေကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားကို လည်းသေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ဆိုင်းဘုတ် အနီးတွင်လည်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်စည်ဖြိုးသည်လည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေခဲချောင်းသည်၊ အချဉ်ပေါင်းသည်၊ မှော်ရှန်ကျေးရွာ ဆိုင်းဘုတ်အနီး ကျည်ထိမှန်သူ အပါအဝင် ယမန်နေ့က သေဆုံးသူ နှစ်ဦးအပါအဝင် စုစုပေါင်း (၅)ဦး သေဆုံးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။