Trending Now

ထိုင်နိုင်ငံရဲ့ အလိုရှိဆုံး မူးယစ်ဆေးဝါး သံသယရှိသူကို မြန်မာနိုင်ငံက လွဲပြောင်းပေးအပ်

Spread the love

ထိုင်နိုင်ငံရဲ့ အလိုရှိဆုံး မူးယစ်ဆေးဝါး သံသယရှိသူကို မြန်မာနိုင်ငံက လွဲပြောင်းပေးအပ်

EPN
မြစ်ကြီးနား၊ ဧပြီ ၉

ထိုင်းနိုင်ငံရဲ့ အလိုအရှိဆုံး မူးယစ်ဆေးဝါး သံသယရှိသူ ဘန်လိုင်းဟု ခေါ်သူကို မြန်မာ ရဲတပ်ဖွဲ့က ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနကဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး အမှုကြီး နှစ်ခုအတွက် အလိုရှိနေတဲ့ ဘန်လိုင်းဟာ ယခင်က ထိုင်းအကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

ဘန်လိုင်းဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ ပုန်းခိုနေစဉ်အတွင်း မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်တဲ့ လုပ်ငန်းကို ပုန်းအောင်း လုပ်နေတာဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဗျူရိုက ဆိုပါတယ်။

အနည်းဆုံး အမှုကြီးနှစ်ခုအတွက် ရဲများက အလိုရှိနေတဲ့ ဘန်လိုင်းဟာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု နဲ့ ငွေကြေးခဝါချမှုတို့အတွက် စွဲချက်တင်ခံထားရကြောင်း မယ်ဆိုင်နယ်စပ်စစ်ဆေးရေးဂိတ်မှာ မြန်မာအာဏာပိုင်တွေဆီက သံသယရှိသူကို လွဲပြောင်းရယူခဲ့တဲ့ NSB အကြီးအကဲ ဗိုလ်မှူးကြီး ဆာရာယွတ် ဆန်ဂွမ်ဖောခိုင်က ပြောပါတယ်။

ဘန်လိုင်းဟာ တောင်ပိုင်းပြည်နယ်တွေမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းများစွာရဲ့ နောက်ကွယ်က အရေးပါသော မူးယစ်ဆေးဝါး ရောင်းဝယ်သူတစ်ဦးဖြစ်ပြီး တတိယနိုင်ငံသို့ မှောင်ခိုမတင်သွင်းမီ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို မူးယစ်ဆေးဝါး မှောင်ခိုကူးရာတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရဲသတင်းရင်းမြစ်တစ်ခုအရ ဘန်လိုင်းကို ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံတွင် ပထမဆုံးဖမ်းဆီးရမိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Source – Bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။