Trending Now

နန့်စီပွန် ကျောက်စိမ်းတူးဖော်ရေး စွန့်ပစ် မြေစာပုံပြိုကျ၊ ကျောက်ရှာနေတဲ့ အမျိုးသမီး နှစ်ဦးသေဆုံး

Spread the love

နန့်စီပွန် ကျောက်စိမ်းတူးဖော်ရေး စွန့်ပစ် မြေစာပုံပြိုကျ၊ ကျောက်ရှာနေတဲ့ အမျိုးသမီး နှစ်ဦးသေဆုံး

EPN
ခန္တီး၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန့်စီပွန် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုမှာ ဖေဖော်ဝါရီလ ၁၇ ရက် ၊ မနေ့က နေ့ခင်းပိုင်းမှာ မြေစာပုံပြိုကျတဲ့အတွက် ကျောက်ရှာသူ လူ ၂ ယောက် မြေစာပိပြီး သေဆုံးခဲ့တယ်လို့ နယ်ခံ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

“မြေစာပုံပြိုကျတာက နေ့ခင်း ၁၂ နာရီဝန်းကျင်မှာပါ ၊ ဖြစ်တာက ရွှေပြည်သာကျေးရွာ၊ ညောင်တပင် စွန့်ပစ်မြေစာပုံ ပြိုကျတာ၊ ရေမဆေးကျောက်ရှာနေတဲ့ အမျိုးသမီး ၂ ယောက် မြေစာပိပြီး သေဆုံးခဲ့တာ ” လို့ နယ်ခံ လူမှုကူညီရေး စေတနာ့ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

သေဆုံးသူတွေမှာ ခန္တီးခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ယောက်က “သေဆုံးသူ ၂ ယောက်ဖြစ်တယ်၊ ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်နေ မခင်ခင်မော် ဆိုသူနဲ့ ခန္တီးမြို့နယ်၊ နောက်ပဲကျေးရွာနေ ဒေါ်အေးရီ တို့ ဖြစ်တယ် ” လို့ ဆိုပါတယ်။

အဆိုပါ ကျောက်မျက်တူးဖော်ရေး စွန့်ပစ်မြေစာပုံ ပြိုကျပြီး မြေစာတွေ ပိတ်မိနေတဲ့ သူနှစ်ယောက်ကို နယ်ခံ ပရဟိတသမားတွေက အမြန်ဆုံး ကယ်ဆယ်ကူညီပေးခဲ့ပြီး ခန္တီးပြည်သူ့ဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။