Trending Now

စတန်းဖို့ဒ်တက္ကသိုလ်၏ လေ့လာချက်အရ နှစ်ပေါင်း ၃၀ အတွင်း အမျိုးသားများသည် သုတ်ပိုးအရေအတွက် လျော့နည်းလာသော်လည်း ပိုမိုရှည်လျားလာသည်ဟုဆို

Spread the love

စတန်းဖို့ဒ်တက္ကသိုလ်၏ လေ့လာချက်အရ နှစ်ပေါင်း ၃၀ အတွင်း အမျိုးသားများသည် သုတ်ပိုးအရေအတွက် လျော့နည်းလာသော်လည်း ပိုမိုရှည်လျားလာသည်ဟုဆို

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

စတန်းဖို့ဒ်တက္ကသိုလ် မှ လေ့လာမှုအသစ်တစ်ခုအရ လွန်ခဲ့သော နှစ် ၃၀ အတွင်း အမျိုးသားများသည် သုက်ပိုးအရေအတွက်နှင့် Testosterone ပမာဏများ လျော့နည်းသွားသော်လည်း ၎င်းတို့၏ လိင်တံသည် ပိုရှည်လာသည်ကို တွေ့ရှိခဲ့သည်။

စတန်းဖို့ဒ်ဆေးတက္ကသိုလ် မှ ဆေးဘက်ဆိုင်ရာဆရာဝန်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပါမောက္ခ Michael Eisenberg က “လိင်တံအရှည်ဟာ လွန်ခဲ့တဲ ၂၉ နှစ်အတွင်း ပျမ်းမျှအားဖြင့် ၄.၈ လက်မကနေ ၆ လက်မအထိ ရှည်လာခဲ့ပေမယ့် သုက်ပိုးအရေအတွက် နဲ့ Testosterone ပမာဏ ဟာ သိသိသာသာကျဆင်းလာပါတယ်။”ဟု ပြောဆိုခဲ့သည်။

ပါမောက္ခ Michael Eisenberg သည် အမျိုးသားများ၏ သုက်ပိုးအရည်အသွေးနှင့် Testosterone အဆင့်များဆက်လက် ကျဆင်းလာမည်ကို စိုးရိမ်လျက်ရှိပြီး ဆက်လက် လျော့နည်းလာပါက မျိုးဆက်ပြန့်ပွားမှုနှင့် အမျိုးသား ကျန်းမားရေးကို အနှောက်အယှက်ဖြစ်လာနိုင်သည်ဟုဆိုသည်။

သုတေသီများသည် ၁၉၄၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အမျိုးသား ၅၅,၇၆၁ ဦးကို လေ့လာမှုပြုလုပ်ခဲ့ပြီး လေ့လာမှု ၇၅ ခုမှ အချက်အလက်များအရ ၂၉ နှစ်အတွင်း အမျိုးသားများသည် ပျမ်းမျှ လိင်တံအရှည် ၂၄ ရာခိုင်နှုန်း ပိုရှည်လာသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိအချိန်အထိ လိင်တံ စနစ်တကျတိုင်းတာသည့် စနစ်များမရှိသေးသော်လည်း နောက်ပိုင်းတွင် အရပ်နှင့် ကိုယ်အလေးချိန်ကဲ့သို့ ဆရာဝန်များအတွက် ပုံမှန်တိုင်းတာမှုတစ်ခု ဖြစ်လာနိုင်ကြောင်း Eisenberg မှ အကြံပြုထားသည်။

Ref; Penises Are Growing Bigger Fast: Study


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။